Latest News

နောက်ဆုံးရသတင်းများ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ  သီလဝါအထူးစီးပွားရေးဇုန်၊ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီရုံးချုပ်(ယာယီ)၊ ရေအရင်းအမြစ်နှင့် ရေဘက်စုံ စီမံခန့်ခွဲမှုစင်တာ ဆောက်လုပ်မည့် နေရာတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

ပြည်တွင်း

18/07/19

ရန်ကုန်  ၁၈  ဇူလိုင်

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းတွင် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ အမျိုးသားအဆင့်ရေအရင်း အမြစ်ကော်မတီ ရုံးချုပ်(ယာယီ)နှင့်  ရေအရင်းအမြစ်နှင့် ရေဘက်စုံ စီမံခန့်ခွဲမှုစင်တာ ဆောက်လုပ်မည့် နေရာတို့အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

JCGV ၏ ရုပ်ရှင်ရုံသစ် ရန်ကုန်မြို့၌ ဖွင့်လှစ်

ဖျော်ဖြေရေး

18/07/19

ရုပ်ရှင်ကြည့်ရင်းတောအုပ် တစ်ခုထဲသို့ ရောက်ရှိသွားသည့်အလားခံစားရမည့် JCGV CINE & FORỆT ရုပ်ရှင်ရုံကို ယနေ့ညပိုင်းက ရန်ကုန်မြို့ Junction City ရှိ JCGV ရုပ်ရှင်ရုံ ၌ ဖွင့်လှစ်ခဲ့သည်။

စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အိမ်ထောင်စုပေါင်း ၇၅၀ ကျော်နှင့် လူဦး ၃၆၀ဝ ကျော် ရေဘေးသင့်ခံစားနေရ

ပြည်တွင်း

18/07/19

မန္တလေး  ၁၈  ဇူလိုင်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဇူလိုင် ၁၆ ရက်နေ့မှစ၍ အိမ်ထောင်စုပေါင်း ၇၅၀ ကျော်နှင့် လူဦး ၃၆၀ဝ ကျော် ရေဘေးသင့်ခံစားနေရကြောင်း မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးမင်းသူက ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ဒသမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်တွင်း

18/07/19

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ဒသမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ကမ္ဘောဇရိပ်သာ၌ ကျင်းပသည်။

စစ်ကိုင်းမြို့တွင် ရေဘေးသင့်အိမ်ထောင်စုအချို့ နေထိုင်မှု မသန့်ရှင်းသဖြင့် ဘုန်းကြီးကျောင်းများမှ လက်မခံ

ပြည်တွင်း

18/07/19

စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့်  ရွှေ့ပြောင်းနေထိုင်ကြမည့် ရေဘေးသင့် အိမ်ထောင်စုအချို့မှာ  နေထိုင်သန့်ရှင်းမှု မရှိသဖြင့် ဘုန်းကြီးကျောင်းများမှ လက်မခံတော့ကြောင်း ဧမြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၂)မြို့နယ်တွင် ပိုလီယိုကာကွယ်ဆေးအပိုဆောင်းတိုက်ကျွေးခြင်းအစီအစဉ်

ပြည်တွင်း

18/07/19

(၁၈-၇-၂၀၁၉)

 

၁။    မြန်မာနိုင်ငံတွင် ပိုလီယိုအရိုင်းဗိုင်းရပ်စ်ပိုး (wild virus) ကို (၂၀ဝ၇)ခုနှစ်တွင်လည်းကောင်း၊ အသွင်ပြောင်းပိုလီယိုပိုးကို (၂၀၁၅)ခုနှစ်တွင်လည်းကောင်း နောက်ဆုံးတွေ့ရှိခဲ့ပါသည်။ (၂၀၁၄) ခုနှစ်၊ မတ်လတွင် ပိုလီယိုရောဂါပိုးကင်းစင်ကြောင်း ကြေငြာခဲ့ပါသည်။

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ

ပြည်တွင်း

18/07/19

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine  Schraner Burgener သည် ယနေ့ ည ၇ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ထိုင်းဘုရင့်တပ်မတော်မှ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Suphot Malaniyom အား လက်ခံတွေ့ဆုံ

ပြည်တွင်း

18/07/19

နေပြည်တော်  ၁၈  ဇူလိုင်

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ထိုင်းဘုရင့်တပ်မတော်မှ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Suphot Malaniyom အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ ဆုံသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

လွှတ်တော် သတင်းများ

18/07/19

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။