Latest News
နောက်ဆုံးရသတင်းများ
အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ကြီးပင်စင် ထောက်ပံ့ငွေပေးအပ်
18/06/19
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးလျက်ရှိရာ -------------
ချောက်မြို့ သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်ပင် ၁၀ဝ၀ ကျော် စုပေါင်းစိုက်ပျိုး
18/06/19
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့အမှတ် (၁) ရပ်ကွက်ရှိ ရှစ်မျက်နှာဘုရားနှင့် အောင်မင်္ဂလာ ဘုရားကုန်းတော်တို့တွင် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ --------
လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာရေးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
18/06/19
မြန်မာစာပေပံ့ပိုးကူညီမှုနှင့်ထိန်းသိမ်းစောင့်ရှောက်မှုပရဟိတအဖွဲ့ (MBAPF) နှင့် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ----------
မြိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်ပေါ် သစ်ပင်လဲကျ
18/06/19
မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းတွင် ယနေ့ နံနက် ၂ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်သဖြင့် လူနေအိမ် နှစ်လုံးပေါ်သို့ လုံးပတ်(၅)ပေ၊ အမြင့်(၂၅)ပေခန့်နှင့် သက်တမ်း နှစ်ငါးဆယ်ဝန်းကျင်ရှိ သစ်ပင်ကြီးလဲကျမှုဖြစ်ပွားခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်ကျင်းပသည့် ၁၀၈ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာညီလာခံစုံညီအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်အမှာစကားပြောကြား
18/06/19
(၁၀၈)ကြိမ် မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မြို့၊ ကုလသမဂ္ဂအဆောက်အအုံ၌ ဇွန် ၁၀ရက် မှ ၂၁ရက်ထိ ကျင်းပလျက်ရှိရာ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေနှင့်အဖွဲ့သည် ဇွန် ၁၂ ရက်တွင် ညီလာခံအစည်းအဝေးသို့ တက်ရောက်ခဲ့ သည်။
ကျုံပျော်မြို့နယ်တွင် ငါးသယံဇာတ ထိန်းသိမ်းခြင်းလုပ်ငန်း သင်တန်းပို့ချ
18/06/19
စဉ်ဆက်မပြတ် ငါးထုတ်လုပ်စားသုံးနိုင်ရေး ရည်ရွယ်၍ ကျုံပျော်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတ ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ သင်တန်းပို့ချခြင်းကို ဇွန် ၁၇ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြဝတီခရိုင် စုကလိမြို့တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းပြုလုပ်
18/06/19
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)မှ စာဖတ်ဝိုင်းအား ယနေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
မြင်းခြံတွင် အီလက်ထရောနစ်နည်းပညာ ပညာဒါနသင်တန်း အခမဲ့ဖွင့်လှစ်မည်
18/06/19
မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ အီလက်ထရောနစ်နည်းပညာ တိုးတက် မြင့်မားရေးအသင်း (မန္တလေးတိုင်းဒေသကြီး) တို့ပူးပေါင်းဖွင့်လှစ်မည့် အီလက်ထရောနစ် နည်းပညာသင်တန်းကို ပညာဒါန အခမဲ့အဖြစ် ဇွန်လ(၂၂)ရက်နေ့တွင် ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ် ကြောင်း သိရှိရသည်။
လားရှိုးမြို့၌ အမြင်အာရုံ မသန်စွမ်းသူများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
18/06/19
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၁)ရပ်ကွက် ဗျူဟာလမ်းရှိ အောင်မြင်သူခန်းမ၌ ဇွန်လ(၁၈)ရက် နံနက် ၁၀ နာရီအချိန်က အမြင်အာရုံ မသန်စွမ်းသူများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပကြောင်း သိရသည်။
ငါ့သရောက်မြို့တွင် နွားစာမြက် ရှားပါးလာသောကြောင့် ထန်းသီး၊ ထန်းနို့နှင့် သစ်ရွက်များသာ ခူးကျွေးနေရ
18/06/19
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် အတွင်းရှိ ကျေးလက်တောင်သူများ နွားစာမြက် ရှားပါးနေခြင်းကြောင့် -------