Latest News
နောက်ဆုံးရသတင်းများ
အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်၊ လိုက်နာရမည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း
29/05/19
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပသည်။
ဖားကန့်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၏ အခြေခံလိုအပ်ချက်များဖြည့်ဆည်းရန် အလှူရှင်များက ငွေကျပ်သိန်း ၂၃၀ဝ ကျော် ထောက်ပံ့
29/05/19
ကချင်ပြည်နယ် ဖားကန့်မြို့၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၈ ရက် နံနက်ပိုင်းက အ.ထ.က(ဖားကန့်)၊ ပညာရတနာခန်းမအတွင်း ကျင်းပစဉ် မြို့နယ်အတွင်း စာသင်ကျောင်းများ၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းရန် အလှူရှင်များက စုစုပေါင်း ငွေကျပ်သိန်း နှစ်ထောင့်သုံးရာငါးဆယ့်ကိုးသိန်းငါးသောင်းငါးထောင်တိတိကို သက်ဆိုင်ရာ ကျောင်းကော်မတီနှင့် ကျောင်းအုပ်ကြီးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့ ပုပ္ပားတောင်ကလပ်တွင် ငြိမ်းချမ်းရေးပရဟိတအမှိုက်ကောက်အဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့နှင့် စည်ပင်ဝန်ထမ်းများ ပူးပေါင်းအမှိုက်ကောက်
29/05/19
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပား-တောင်ကလပ်ကျေးရွာတွင် ၊ မေ(၂၉) ရက်နေ့၊နံနက်(၇)နာရီက ငြိမ်းချမ်းရေး ပရဟိတအမှိုက်ကောက်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ တောင်ကလပ်အခြေနှင့် နဂါးစောင်းတန်းတစ်လျှောက် အမှိုက်ကောက် သန့်ရှင်းရေးကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြင်သစ်နိုင်ငံအခြေစိုက် GERES အဖွဲ့မှ သာစည်မြို့နယ်ရှိ ကျေးလက်နေအိမ်ထောင်စုများ စွမ်းအင်ရရှိရေးပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အကြောင်းရှင်းလင်းပွဲကျင်းပ
29/05/19
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပြင်သစ်နိုင်ငံအခြေစိုက် GERES အဖွဲ့ ပူးပေါင်း၍ ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး AFD ၏ရန်ပုံငွေဖြင့် မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်းရှိ ဝေးလံခေါင်းပါးသောကျေးရွာများမှ အိမ်ထောင်စုများ စွမ်းအင်ရရှိရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း Reach Project အကြောင်းရှင်းလင်းပွဲကို ယနေ့ ၁၀ နာရီက မိတ္ထီလာမြို့ တော်ဝင်နန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးအောင်နိုင် လှည်းကူးမြို့နယ် မင်းကုန်းနှင့် လှေလှော်အင်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းတို့အား စစ်ဆေး
29/05/19
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးအောင်နိုင်သည် ရုံးအဖွဲ့မှူး ဦးရဲလွင်၊ ခရိုင်နှင့် မြို့နယ်တရားသူကြီးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက လှည်းကူးမြို့နယ် မင်းကုန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းနှင့် လှေလှော်အင်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းတို့အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဘားအံမြို့ မြိုင်ကလေးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းပြုလုပ်
29/05/19
ကရင်ပြည်နယ်၊ ဘားအံမြို့၊မြိုင်ကလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း၌ (PUBLIC TALK)ကို မေ ၂၈ ရက် နံနက်(၉)နာရီခွဲက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့ပျက်စီးမှုများဖြစ်ပွား
29/05/19
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် မေ ၂၈ ရက် ည ၇ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် လူနေအိမ် ၁၈ လုံး အမိုးလန်ခြင်းနှင့် ပြိုလဲမှုများဖြစ်ပွားခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ
မြစ်သားမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ စုပေါင်းအမှိုက်ကောက်
29/05/19
ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်း မန္တလေး-ရန်ကုန် ကားလမ်းဟောင်း၏ လမ်းခွကျေးရွာအနီး မိုင်တိုင်အမှတ် ၃၈၅/၅ မှ မိုင်တိုင်အမှတ် ၃၈၄/၇ အထိ လမ်းပိုင်းတစ်လျှောက် ဘေးဝဲယာတွင် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ အသိပညာပေးခြင်း၊ လှုံ့ဆော်ခြင်း၊ စည်းရုံးခြင်းအနေဖြင့် အမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မော်လိုက်မြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ရှား
29/05/19
ယနေ့ နံနက် မြန်မာစံတော်ချိန် ၈ နာရီ ၂၄ မိနစ် ၂၄ စက္ကန့်အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့ တောင်ဘက် (၂၉)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့မြောက်ဘက် (၂၅)မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် (၂၃.၉၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၆) ဒီဂရီ၊ အနက် (၈၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရှင်မတောင် သစ်တောကြိုးဝိုင်းအတွင်း သဘာဝမြေသားကန်များ ရေခန်းခြောက်လာသဖြင့် တိရိစ္ဆာန်များအတွက် ရေသွားရောက်ဖြည့်
29/05/19
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်သစ်တောကြိုးဝိုင်းအတွင်း တိရစ္ဆာန်များသောက်သုံးနေသည့် သဘာဝမြေသားရေကန်များ၌ ရေခန်းခြောက်လာသဖြင့် ရေစကြိုမြို့နယ် ရှင်မတောင်ဒေသ ရွှေသမင်နှင့် တောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်းရေးအဖွဲ့နှင့် ကံပွင့်မိသားစု ရေအလှူတော်အဖွဲ့တို့ ပူးပေါင်းကာ သစ်တောကြိုးဝိုင်းအတွင်းရှိ ကျောက်ရေကန်ကြီးများအတွင်းသို့ ရေသွားရောက် ဖြည့်ခဲ့ကြကြောင်း သိရ
အဖတ်များဆုံး သတင်း
- 13/Jul/2026