Latest News
နောက်ဆုံးရသတင်းများ
ပူလောင်ခြောက်သွေ့နေသော်လည်း မြစ်ရေတင်လုပ်ငန်းဖြင့်နွေစပါးများအောင်မြင်ဖြစ်ထွန်းလျက်ရှိ
29/05/19
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ နွေစပါးဧက ၂၉၀ဝ နှင့်အခြားသီးနှံဧက ၆၀ဝ စုစုပေါင်းဧက ၃၅၀ဝ အား စိုက်ပျိုးရန်လျာထားပြီး ရေတင်စခန်း (၄)ခုမှ ရေပေးဝေလျက်ရှိသည်။
ပုဇွန်တောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် သွေးတိုး၊ဆီးချို ရောဂါနှင့် နောက်ဆက်တွဲရောဂါပြသနာများ အခမဲ့စစ်ဆေးပေး
29/05/19
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်းက သွေးတိုး၊ဆီးချိုရောဂါများ ဖြစ်ပွားမှုအခြေအနေ၊ ဖြစ်ပွားစေသော အကြောင်းအရာများနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရ
ကော်ဖီနှင့်မှိုသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း ဖွင့်
29/05/19
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် တောင်သူပညာပေး ကော်ဖီနှင့်မှိုသီးနှံ စိုက်ပျိုး ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်းကို ယနေ့ နံနက်က မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။
မင်းလှမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်
29/05/19
မင်းလှ ၂၈ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးနှင့် လျှပ်စစ်ဝိုင်ယာရှော့ကြောင့် မီးလောင်မူ၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မေ ၂၇ ရက် မွန်းလွဲ ၃ နာရီက မင်းလှမြို့နယ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှ မြို့နယ် မြေခြားကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သည့် မြေသားမိုးရေလှောင်ကန်တူးဖော်မှု ပြီးစီးတော့မည်
29/05/19
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြေခြားကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် မြေသား မိုးရေလှောင်ကန်အား တူးဖော်လျှက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ခါးပြတ်ကျိုးကျသွားသည့် လန်နရေတံခွန်တံတားကြီး ပြန်လည်တည်ဆောက်ပြီးစီး၍ ဖွင့်လှစ်
29/05/19
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က သခင်စစ်ကုမ္ပဏီမှ သံကျောက်တင် မော်တော်ယာဉ် မောင်းနှင်မှုကြောင့် ခါးဖြတ်ကျိုးကျသွားသည့် လန်နရေတံခွန်တံတားကြီး ယခုအခါ တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် အဆိုပါ တံတားကြီးဖွင့်လှစ်ခြင်းအခမ်းအနားကို မေ၂၈ ရက် နံနက် ၁၀နာရီခွဲက တံတားထိပ်တွင် ကျင်းပပြုလုပ်ရာ ဆဒုံးမြို့ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၁) ဦးမျိုးမြင့်နိုင်၊ ထိန်းချုံး-မြစ်ကြီးနားလမ်းအပိုင်း လုပ်ငန်းတာဝန်ခံ မစ္စတာယိန်းခေါဟိန်နှင့် လမ်းစစ်ဆေးရေးပညာရှင် မစ္စတာ လီကွန်မင်တို့သုံးဦးက တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဓနုဖြူမြို့တွင် အမှိုက်များ စည်းကမ်းတကျ စွန့်ပစ်ကြစေရန် လမ်းဘေးအမှိုက်ခြင်းများတပ်ဆင်
29/05/19
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့တွင် အမှိုက်များ စနစ်တကျ စွန့်ပစ်ကြစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ယမန်နေ့ နံနက်ပိုင်းက လမ်းဘေးမီးတိုင်များတွင်အမှိုက်ခြင်း များ လိုက်လံတပ်ဆင်ပေးခဲ့ကြသည်။
စလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်၊ အိမ်ပြိုမိသားစုများနှင့်ဘုန်းတော်ကြီးကျောင်းအားထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
29/05/19
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း မေလ ၂၆ ရက်နေ့က လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပြိုခြင်းနှင့် အမိုးလန်ခြင်းများဖြစ်၍ ပျက်စီးခဲ့သည့်အတွက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့
မြန်မာ့ရုပ်ရှင်အတွက် လူငယ်နှင့်လူကြီးများ ပူးပေါင်းလုပ်ဆောင်ရမည်ဟု ဒါရိုက်တာ ဏကြီး ပြောကြား
29/05/19
၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရုင် နှစ် ၁၀ဝ ပြည့်ပွဲအတွက် ပထမအကြိမ်အကြံ ဉာဏ်ရယူခြင်းပွဲတွင် လူငယ်ဒါရိုက်တာတစ်ဦးဖြစ်သော ဒါရိုက်တာ ဏကြီးက မြန်မာ့ရုပ်ရှင် နှစ် ၁၀ဝ ပြည့်အပြီး ၂၀၂၀ ခုနှစ်အလွန်တွင် မြန်မာ့ရုပ်ရှင်လောက ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး လူငယ်နှင့် လူကြီးများ ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဖြစ်ရပ်မှန်ဇာတ်လမ်း မရိုက်ဖူးသေးကြောင်း အကယ်ဒမီ ခိုင်သင်းကြည် ပြောကြား
29/05/19
စာရေးဆရာကြီးတင်ညွန့်၏ ရိုးမပေါ်ကျတဲ့မျက်ရည် ဖြစ်ရပ်မှန်ဝတ္ထုကို ဇာတ်လိုက် အမည်ဖြင့် ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်မည့် ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်မည့် အကယ်ဒမီ ခိုင်သင်းကြည်က ၎င်းအနေဖြင့် ယခင်က ဖြစ်ရပ်မှန်ဇာတ်လမ်း ရိုက်ကူးမှုအတွေ့အကြုံ မရှိသေးကြောင်း ပြောသည်။
အဖတ်များဆုံး သတင်း
- 13/Jul/2026