အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် Myanmar Fitness Dance သရုပ်ပြပွဲ ဖလမ်း၌ ကျင်းပ
အားကစားဆိုင်ရာ အသိပညာရရှိရေးနှင့် အားကာသိပ္ပံသင်တန်းသား၊ သင်တန်းသူများ ပေါ်ထွန်းလာရေး အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် Myanmar Fitness Dance အက သရုပ်ပြပွဲကို ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲက ဖလမ်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှေ့ မျက်နှာစာ၌ ကျင်းပသည်။