ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ရှင်ကိုးရှင် သမိုင်းဝင်ရှင်မော်ဘုရားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်နံရံမြေသား ပြိုကျမှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှ ၅၀ မိုင်ကျော်အကွာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ရှင်ကိုးရှင် သမိုင်းဝင်ရှင်မော်ဘုရားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ နံနက် ၇ နာရီကျော်ခန့်မှ စတင်၍ တောင်နံရံမြေသား ပြိုကျမှုဖြစ်ပွားကြောင်း သိရှိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မန္တလေး - ပျဉ်းမနား ရထားလမ်းပိုင်း ကြည့်ရှုစစ်ဆေး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့်အဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲတွင် မန္တလေးဘူတာကြီး အစည်းဝေးခန်းမ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံစဉ် မိမိတို့ဌာန တိုးတက်အောင်မြင်လာစေရန် ဇွဲလုံ့လဖြင့် ကြိုးစားကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ၏ အရည်အချင်း၊ ဆင်ခြင်တုံတရားတို့ တိုးတက်လာစေရန် ကြိုးစားနေထိုင်သွားကြရန် အရေးကြီးပါကြောင်း၊ ရထားလမ်းပိုင်းများ ဆောင်ရွက်ခြင်းလုပ်ငန်းသည် ဖြစ်သလိုလုပ်၍ မရပါကြောင်း၊ အချိန်ယူပြီး စနစ်တကျလုပ်ဆောင်ရမှာဖြစ်ပါကြောင်း၊ အချက်ပြစနစ်များမှာလည်း ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်၍ မိမိတို့ဝန်ထမ်းများက ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ရန် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများညီညီညွတ်ညွတ် ကြိုးစားကြမှာသာ မိမိတို့ဌာန အောင်မြင်မည်ဖြစ်ပါကြောင်း မှာကြားသည်။
ကလိန်အောင်မြို့ ရေး-ထားဝယ်ကားလမ်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ရေး-ထားဝယ်ကားလမ်း၊ (၃၉၁) ကီလိုမီတာနှင့် (၃၉၁/၅) ကီလိုမီတာနေရာတို့တွင် ယနေ့ညနေ ၄ နာရီခန့်က မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် ထားဝယ်ခရိုင်အတွင်း သဘာဝဘေးဖြစ်ပေါ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း မိုးများအဆက်မပြတ် ရွာသွန်းမှုများကြောင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၇ နာရီက ထားဝယ်-မေတ္တာကားလမ်း ချောင်းရေကျော်လျက်ရှိသည့် လမ်းပိုင်းနေရာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကလိန်အောင်မြို့၊ ရာဖူးကျေးရွာ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ရာဖူးကျေးရွာ၊ ရေး-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ် (၆၅/၁)နှင့် ပေ(၅၀)ကျော်အကွာတွင် ယနေ့ နံနက် ၁၀ နာရီခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကြောင်း သိရသည်။
ကလိန်အောင်မြို့ အလယ်စခန်းကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အလယ်စခန်းကျေးရွာ၊ ရေး-ထားဝယ်ကားလမ်း၊ မိုင်တိုင်အမှတ် (၇၆/၆)နေရာတို့တွင် ယနေ့နံနက် ၁၀ နာရီခန့်က မြေပြိုမှုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။