အမေရိကန်ဆိပ်ကမ်းတွင် ကိုကင်း ၁၅ တန် ဖမ်းဆီးရမိ

အမေရိကန် အာဏာပိုင်များက ဖီလာဒယ်ဖီရာ ဆိပ်ကမ်း ကုန်တင်သင်္ဘောတစ်စီးမှ ကိုကင်း ၁၅ တန် ဖမ်းဆီးရမိခြင်းသည် အမေရိကန်နိုင်ငံ သမိုင်းတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး အကြီးမားဆုံးဖမ်းဆီးရမိမှု တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။
လာမည့်နှစ် ပြန်လည်ရွေးကောက်တင်မြှောက်ပွဲအတွက် ထရန့် မဲဆွယ်စည်းရုံးရေးစတင်ပြုလုပ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သည် လာမည့်နှစ် ပြန်လည်ရွေးကောက်တင်မြှောက်ပွဲအတွက် စည်းရုံးရေး တရားဝင်စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၌ သံမဏိစက်ရုံ ပေါက်ကွဲမှုဖြစ် သေဆုံးသူ ၆ ဦးအထိ ရှိလာ
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်ဇီပြည်နယ် နန်ချောင်မြို့ရှိ  သံမဏိစက်ရုံတစ်ခုတွင် ဂတ်စ်ပိုက်လိုင်းပေါက်ပြီး စက်ရုံပေါက်ကွဲမှုဖြစ်ပွားရာ သေဆုံးသူဦးရေမှာ ၆ ဦးအထိ မြင့်တက်လာကြောင်း ဒေသန္တရ အာဏာပိုင်များက ဗုဒ္ဓဟူးနေ့က ပြောကြားသည်။ 
အိန္ဒိယ အပူချိန် လွန်ကဲမှုကြောင့် လူ ၂၀ဝ ကျော် သေဆုံး
အိန္ဒိယနိုင်ငံတွင် အပူချိန်မြင့်တက်မှု ဖြစ်ပွားသဖြင့် လူပေါင်း ၂၀ဝ ကျော် သေဆုံးခဲ့သည်။ ထိုနိုင်ငံ၏ နေရာတော်တော်များများတွင် အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထက် မြင့်တက်လျက်ရှိကြောင်း သိရသည်။
ဂျပန်နိုင်ငံ မြောက်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်
ဂျပန်နိုင်ငံမြောက်ပိုင်းတွင် အင်္ဂါနေ့ ညနှောင်းပိုင်းက ပြင်းအား ၆ဒသမ ၇အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီက ပြောကြားသည်။
တဖြည်းဖြည်းရုပ်လုံးပေါ်လာတော့မည့် ကွန်ဆာဗေးတစ်ခေါင်းဆောင်နေရာ

ကမ္ဘာ့ကြက်ခြေနီအဖွဲ့ရဲ့ အကူအညီ ဗင်နီဇွဲလား ဒုတိယအကြိမ်ရရှိ 
ကမ္ဘာ့ကြက်ခြေနီအဖွဲ့ရဲ့ လူသားချင်းဆိုင်ရာအကူအညီတွေဖြစ်တဲ့ ဆေးဝါးနဲ့ မီးစက်များအပါအဝင် ကုန်ပစ္စည်း ၂၄ တန်ကို မနေ့က လက်ခံရှိခဲ့ပါတယ်။ အဲဒီထောက်ပံ့ရေးပစ္စည်းတွေဟာ ပနားမားအစိုးရကနေ ကူညီတယ်လို့ သိရပါတယ်။