အင်္ဂလန်ကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ယူရို ၂၀၂၀ ဖလား ဆွတ်ခူးနိုင်ခဲ့သည့် အီတလီ

ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ်  အီတလီအသင်းနှင့် အင်္ဂလန်အသင်းတို့ပွဲစဉ်ကို ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက အင်္ဂလန်နိုင်ငံရှိ  ဝင်ဘလေကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ အီတလီ အသင်းက ပယ်နယ်တီအဆုံးအဖြတ်တွင် သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိကာ ယူရိုဖလားအား  ၁၉၆၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။
ယူရိုဘောလုံးပွဲ နောက်ဆုံးပွဲစဉ်မှတစ်ဆင့် ကိုဗစ် -၁၉ ကူးစက်မှုတစ်ကျော့ပြန် ဖြစ်လာမည်ကို စိုးရိမ်နေကြရ

ကိုဗစ် - ၁၉ နဲ့ တိုကျိုအိုလံပစ်

ရှီမိန်းဒေသခံများအား လုံခြုံရေးအတွက် နေရာရွှေ့ပြောင်းရန် ဒေသခံအာဏာပိုင်များတိုက်တွန်း
ဂျပန်နိုင်ငံအနောက်ပိုင်း ရှီမိန်းစီရင်စုရှိ ဒေသခံများအား ၎င်းတို့လုံခြုံရေးအတွက် ချက်ချင်းနေရာရွှေ့ပြောင်းရန် ဒေသခံအာဏာပိုင်များက တိုက်တွန်းထားသည်။
ယူရို ၂၀၂၀ ဖိုင်နယ်ပွဲစဉ်နှင့် ပတ်သက်ပြီး အင်္ဂလန်အသင်းအပေါ် ဝေဖန်ပြောဆိုမှုများကို ဗြိတိန်ဝန်ကြီးချုပ် ပြင်းပြင်းထန်ထန်ဝေဖန်
အင်္ဂလန်အသင်းနှင့် အီတလီအသင်းတို့၏ ယူရို ၂၀၂၀ ဖိုင်နယ်ပွဲစဉ်တွင် ပင်နယ်တီဖြင့် အီတလီကို ရှုံးသွားသော အင်္ဂလန်အသင်းအပေါ် လူမျိုးရေးဆိုင်ရာ မတော်မတရားပြောဆိုနေမှုများကို .............
အတာမီဒေသခံများ ရွှံ့နွံများဖုံးလွှမ်းနေသော အိမ်များရှိရာသို့ ပထမဆုံးအကြိမ် သွားရောက်
ဂျပန်နိုင်ငံအလယ်ပိုင်း အတာမီဒေသတွင် ယခုလအစောပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီး ရွှံ့နွံများဖုံးလွှမ်းခဲ့ပြီး‌နောက် နေအိမ်စွန့်ခွာ ထွက်ပြေးလာသည့် ဒေသခံများအား ၎င်းတို့နေအိမ်များဆီသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ရန် ခွင့်ပြုခဲ့ သည်။
အိမ်ရှင် ဘရာဇီးကို အနိုင်ယူကာ ကိုပါအမေရိကဖလားကို အာဂျင်တီးနား ဆွတ်ခူး
ကိုပါအမေရိကဖလား ဗိုလ်လုပွဲအဖြစ် အာဂျင်တီးနားအသင်းနှင့် အိမ်ရှင်ဘရာဇီးအသင်းတို့ ပွဲစဉ်ကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးယိုးရှိ မာရာကနာ အားကစားကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ အာဂျင်တီးနားအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး  ကိုပါ အမေရိကဖလားကို (၁၅)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။