ဆီးဂိမ်းပြိုင်ပွဲ၌ အောင်မြင်မှုရရှိရန် ကမ္ဘာ့ကရာတေးကလပ်မှ စပိန်နည်းပြ လေ့ကျင့်ပေးမည်
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အောင်မြင်မှုများရရှိရန် မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်မှ လက်ရွေးစင်ကစားသမားများအား စပိန်နိုင်ငံရှိ ကမ္ဘာ့ကရာတေးကလပ်မှ နည်းပြဆရာက လေ့ကျင့်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။





