Latest News

နောက်ဆုံးရသတင်းများ

မိုးညှင်းမြို့နယ်၌ ရော်ဘာအစေးလှီးနည်းသင်တန်းဖွင့်

ပြည်တွင်း

19/03/19

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီး၍ မတ် ၁၈ ရက် နံနက် ၉ နာရီက မိုးညှင်းမြို့နယ်     ညောင်ကိုင်းကျေးရွာအုပ်စု  သာယာကုန်းကျေးရွာရှိ ဦးတိုက်စိန်၏ ရော်ဘာ ခြံတွင် ရော်ဘာအစေးလှီးနည်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေဝန်ကြီး ပြည်တော်အိမ်ရာနေ ပြည်သူများနှင့် တွေ့ဆုံ 

ပြည်တွင်း

19/03/19

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် ပြည်တော်သာအိမ်ရာနေ ပြည်သူများနှင့် တွေ့ဆုံပွဲကို မတ် ၁၈ ရက် နံနက်ပိုင်းက ပြည်တော်သာရှိ မူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရေကန်အတွင်း ငါးစာဆင်းကျွေးရာမှ ငါးနှစ်ခွဲကလေးငယ်တစ်ဦး ရေနစ်သေဆုံး

မှုခင်း

19/03/19

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့ အမှတ်(၂)ရပ်ကွက်၊ ရထားလမ်းဘေးရှိ စိမ်းလန်း စိုပြည်ရေး ရေကန်အတွင်း၌ မတ်လ ၁၈ ရက် မွန်းလွဲပိုင်းက ငါးစာဆင်းကျွေးရာမှ ငါးနှစ်ခွဲ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမူ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးရထားသံလမ်း ဖြတ်ကူးမောင်းနှင်သည့် မော်တော်ယာဉ်နှင့် ရထားပွတ်တိုက်မိ နှစ်ဦးဒဏ်ရာရ

မှုခင်း

19/03/19

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၌ မတ် ၁၈ ရက်က ရထားလမ်းအား ဖြတ်ကူးမောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် ရထားပွတ်တိုက်မိ၍ ယာဉ်ပေါ်တွင်လိုက်ပါလာသူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘုရားဖူးဟိုင်းလတ်ယာဉ်တစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွား

မှုခင်း

19/03/19

ရှမ်းပြည်နယ် တန့်ယန်းမြို့မှ ဘုရားဖူးရန်သွားသော ယာဉ်အမှတ် SHAN 4C/ --- (ဟိုင်းလတ်)ယာဉ်သည် မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီခန့်က တန့်ယန်း- မိုင်းရှူး-မိုင်းစံလမ်း မိုင်တိုင်အမှတ်(၄ဝ/၄)နှင့် (၄၀/၅)ကြား အကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲ ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းများအား ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းဖျက်ဆီး

အလှအပနှင့်ကျန်းမာရေး

19/03/19

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်သူများ စားသောက်/ သုံးစွဲရန် မသင့်လျော်သည့် စားသောက်ကုန်ပစ္စည်းများကို၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်လိုက်လံ ရှာဖွေ သိမ်းဆည်းခြင်းများ ..........

ပလောက်မြို့၌ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်ရေရရှိနိုင်ရန်အတွက် ရေတိုင်များကြိုတင် ဆောင်ရွက်ထားရှိ

ပြည်တွင်း

19/03/19

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မြို့ပေါ်ရပ်ကွက်တချို့တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ် ရေရရှိနိုင်ရန်အတွက် ရေတိုင်များ ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ယနေ့ နံနက်ပိုင်းက ရေတိုင်များကြိုတင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့၌ ဓာတ်အားခွဲရုံနှင့် 66/11 ကေဗွီ ၊ 20 အမ်ဗွီအေ ထရန်စဖော်မာတပ်ဆင်ခြင်း တည်ဆောက်မှု (၅ဝ) ရာခိုင်နှုန်း ပြီးစီး

ပြည်တွင်း

19/03/19

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၊ စက်မှုဇုန်ထိပ်၊ အမှတ် (၃) ခရိုင်ချင်းဆက် လမ်းမအနီး    66/11 ကေဗွီ ၊ 20 အမ်ဗွီအေ ထရန်စဖော်မာတပ်ခြင်း လုပ်ငန်းကို လုပ်ဆောင်လျက်ရှိရာ ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ (၅ဝ) ရာခိုင်နှုန်း ပြီးစီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးရုံးမှ သိရသ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်  မုံရွာခရိုင်နှင့်ရွှေဘိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စစ်ဆေး

ပြည်တွင်း

19/03/19

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တော်ခန်းမ၌ ကျင်းပသော Monywa International Trade Fair 2019 ဖွင့်ပွဲ အခမ်းအနားကို မတ် ၁၈ ရက် မွန်းလွဲပိုင်းက ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ .........

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်၊ ထိုင်းနိုင်ငံအပိုင် ထိုင်းနိုင်ငံ၊ ချန်ကရပူရီခရိုင်တွင် ဖယောင်းတိုင်မီး မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

မှုခင်း

19/03/19

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ် ထိုင်းနိုင်ငံ၊ ချန်ကရပူရီခရိုင်၊ ချန်ကရပူရီမြို့၊ (၉) ရပ်ကွက်၊ ရှမ်းကုန်းအပိုင်း၊ ပုလိပ်ကုန်းအရှေ့၊ အိမ်အမှတ် (၂၀)ရှိ ပေ (၅၀x၅၀) ၊ RC (၂)ထပ်၊ (၄)ခန်းတွဲ အောက်ထပ်ဈေးဆိုင်ခန်းတွင် ----------------

အဖတ်များဆုံး သတင်း