Latest News

နောက်ဆုံးရသတင်းများ

(၉)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲ ကော်မရှင်အစည်းအဝေးသို့ ပြည်ထောင်စု၀န်ကြီး ဦးကျော်တင် တက်ရောက်

ပြည်တွင်း

13/03/19

နေပြည်တော်  ၁၃  မတ်

 

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် မတ် ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မတ် ၁၃ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

 

ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၁) ဆက်လက်ကျင်းပ

အားကစား

13/03/19

၀၁၈-၂၀၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၁) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် MIC အသင်းနှင့် VUC အသင်းတို့ နိုင်ပွဲရခဲ့သောကြောင့် နောက်ဆုံးပွဲအထိ စောင့်ကြည့်ရမည်ဖြစ်

တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ဇီဝဗေဒဘာသာရပ်ကို ဖြေဆိုသူပေါင်း ၁၉၀၆၀၂ ဦးနှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုသူပေါင်း ၆၅၇၄၀၄ ဦးရှိ

ပညာရေး

13/03/19

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ ဇီဝဗေဒဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၂၁ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၆၉၁ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၇၁၂ ခုတွင် ဖြေဆိုသူပေါင်း ၁၉၀၆၀၂ ဦးနှင့် ဘောဂဗေဒဘာသာရပ်ကို  နိုင်ငံခြားစာစစ်ဌာန ၂၁ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၈၅၈ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၈၇၉ ခုတွင် ဖြေဆိုသူပေါင်း ၆၅၇၄၀၄ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် Exploring Myanmar Culture & Tourism Organization အဖွဲ့တို့အား သီးခြားစီလက်ခံတွေ့ဆုံ

13/03/19

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာ နိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Faulkner နှင့်အဖွဲ့ အား ယနေ့နံနက်ပိုင်းတွင်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့်  Exploring Myanmar Culture & Tourism Organization အဖွဲ့ တို့အား မွန်းလွဲပိုင်းတွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒရှင်းလင်းပွဲ မကွေးမြို့၌ကျင်းပ

ပြည်တွင်း

13/03/19

နေပြည်တော် ၁၃  မတ်

တိုင်းဒေသကြီးအဆင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

 

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေ

မိုးလေဝသ

13/03/19

နေပြည်တော် ၁၃ မတ်

 

၂၀၁၉ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့ ည(၇:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

(၄) ကြိမ်မြောက် Animation Workshop ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်တွင်း

13/03/19

ရန်ကုန်  ၁၃  မတ် 

ဂျပန်ဖောင်ဒေးရှင်းနှင့် ဝဿန်ရုပ်ရှင်ပွဲတော်ကျင်းပရေးအဖွဲ့တို့      ပူးပေါင်း၍  "ကာတွန်းများဖန်တီးကြစို့" ခေါင်းစဉ်ဖြင့် (၄) ကြိမ်မြောက် Animation Workshop ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ကျင်းပသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက်ကျင်းပ  ပုလဲအတွဲ စုစုပေါင်း ၂၆၉ တွဲကို အိတ်ဖွင်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့

ပြည်တွင်း

13/03/19

နေပြည်တော်  ၁၃  မတ် 

 

၂၀၁၉ ခုနှစ် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ ပုလဲအတွဲစုစုပေါင်း ၂၆၉ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့သည်။

 

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့် စတင်ကျင်းပ

အားကစား

13/03/19

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့် (ပထမနေ့) ကို ယနေ့ညနေပိုင်းက စတင်ကျင်းပရာ အား/ကာသိပ္ပံ၊ မြဝတီနှင့် တက္ကသိုလ်အသင်းတို့ နောက်တစ်ဆင့် တက်ရောက်သွားသည်။ 

အဖတ်များဆုံး သတင်း