Latest News
နောက်ဆုံးရသတင်းများ
မြစ်သားမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ
27/02/19
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီက မိုင်းမောကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန ၂၈ ဖြင့် ပြုလုပ်သွားမည်
27/02/19
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ် ၄ ခုရှိ စာစစ်ဌာန ၂၈ ခုတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကြို့ပင်ကောက်မြို့နယ်၌ စာစစ်ဌာနတစ်ခုတိုး၍ကျင်းပမည်
27/02/19
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၆ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကြို့ပင်ကောက်မြို့နယ်တွင် အထက(လယ်တီ) စာစစ်ဌာနတစ်ခုတိုး၍ စာစစ်ဌာန စုစုပေါင်း ၄ ခုဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောက်စိမ်းကုန်ကြမ်း ရရှိရေးနှင့် ဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် ပုဂ္ဂလိကကုမ္ပဏီများက ကျောက်စိမ်းကုန်ကြမ်း(အရိုင်း)များ ရောင်းချ
27/02/19
ပြည်တွင်း/ပြည်ပ ဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် ပုဂ္ဂလိက ကျောက်စိမ်းကျောက်မျက်ကုမ္ပဏီ ၅ ခုက ကျောက်စိမ်းကုန်ကြမ်း(အရိုင်း)များ ရောင်းချပေးကြောင်း မြန်မာသူရ ကျောက်မျက်ကုမ္ပဏီမှ သိရသည်။
ညောင်ပင်ကားယားကျေးရွာတာဘေးရှိ နေအိမ်တစ်လုံးမီးလောင်
27/02/19
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ဖန်ခါးပင်အုပ်စု၊ ညောင်ပင်ကားယား ကျေးရွာတာဘေးရှိ နေအိမ်တစ်လုံးတွင် ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲ ခန့်က ဆိုလာပြားအားသွင်းရာမှ ရှော့ဖြစ်၍ နေအိမ်အား မီးစွဲလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စလင်းမြို့တွင် မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် လှည့်လည်ပြသ
27/02/19
မကွေးတိုင်းဒေသကြီး စလင်းမြို့တွင် မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် လှည့်လည်ပြသဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက စလင်းမြို့ စည်ပင်သာယာပန်းခြံ နှင့် မြို့မဈေးလမ်းထောင့်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်စစ်ဆေးဆောင်ရွက်ပေး
27/02/19
၂၀၁၉ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်း ပလောက်မြို့ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုကြမည့် တက္ကသိုလ်ဝင်ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်း၍ မီးလောင်မှု၊ မီးထိတ်လန့်မှုမရှိစေ ရေးအတွက် ယနေ့ ကြိုတင်စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။
မြစ်ရေ အခြေအနေများ
27/02/19
၂၇ ဖေဖော်ဝါရီ
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၂၇.၂.၂၀၁၉) ရက်နေ့ နံနက် (ဝ၆:၃၀) နာရီ အချိန်တွင် တိုင်းတာရရှိသောမြစ်ရေ အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။