Latest News
နောက်ဆုံးရသတင်းများ
ကရင်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
20/02/19
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီနှင့် ခရိုင်၊ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများ၏ (၁/၂၀၁၉) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖေါ်ဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီခွဲက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြေယာကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးနှင့် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံဆွေးနွေး
20/02/19
ကချင်ပြည်နယ်အတွင်းရှိ မြေယာအရေးကိစ္စများနှင့် ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကောင်းမွန်မှန်ကန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးသည်
ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ (၁/၂၀၁၉) အစည်းအဝေးကျင်းပ
20/02/19
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ကျင်းပပြုသော ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ (၁/၂၀၁၉)အစည်းအဝေးကို
စေတုတ္တရာမြို့နယ်အတွင်း ကျေးရွာ(၁၀)ရွာ၌ တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် အိမ်ခြေတစ်ထောင်ကျော် မီးလင်းရေးဆောင်ရွက်ပေး
20/02/19
မဟာဓာတ်အားလိုင်းပြင်ပရှိ ကျေးရွာများ မီးလင်းရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိပြီး
စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
20/02/19
စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူး၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ (၂၀)ရက် နံနက်(၁၀)နာရီက စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ဈေးကြီးနှင့် ရပ်ကွက်အတွင်း ကုန်မျိုးစုံရောင်းချသည့် ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ခရီးသွားဧည့်သည်များ ပိုမိုလာရောက်နိုင်ရေး သမိုင်းဝင်ကိုလိုနီခေတ် အဆောက်အအုံများအား ပြည်သူများအားလုံး ထိန်းသိမ်းသွားရန် လိုအပ်
20/02/19
ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းဖြင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးရေးတို့အတွက် မော်လိုက်မြို့ရှိ သမိုင်းဝင် ကိုလိုနီခေတ် အဆောက်အအုံများ၊ ဂေါက်ကွင်းများအား ရှေးမူမပျက် တည်ရှိစေရေး ပြည်သူများအားလုံး ထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း ဖေဖေါ်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
Line Walker - 2 ဇာတ်ဝင်ခန်းတချို့ YMCA ခန်းမ၌ ဆက်လက်ရိုက်ကူး
20/02/19
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ YMCA ခန်းမတွင် ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းမှ ညနေပိုင်းအထိမှ Line Walker - 2 (Operation Midnight Shadow) ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းတချို့ ဆက်လက်ရိုက်ကူး လျက်ရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ
20/02/19
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း အလုပ်သမားရေးရာဆိုင်ရာ ဆောင်ရွက်ချက်များ
20/02/19
နိုင်ငံတော်၏ကုန်ထုတ်စွမ်းအား တိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။