Latest News
နောက်ဆုံးရသတင်းများ
နောက်(၂)ရက်အတွင်း တစ်ပြည်လုံးတွင် အများအားဖြင့် သာယာမည်
20/02/19
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်
20/02/19
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက်၁၀ နာရီက စုကလိမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မတ်လနှင့် ဧပြီလတို့တွင် အယ်နီညို ရာသီဥတု အမြင့်ဆုံး ရှိနိုင်
20/02/19
ယခုနှစ် နွေဥတု မတ်လနှင့် ဧပြီလတို့တွင် အယ်နီညိုရာသီဥတု အမြင့်ဆုံး ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဖယ်ခုံမြို့၌ လူနာ ၄၆၃၆ ဦးအား အခမဲ့ဆေးဝါကုသပေး
20/02/19
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ဖယ်ခုံမြို့ ရွှေဓမ္မရောင်ခြည် လူမှုဖောင်ဒေးရှင်း နှင့် ရန်ကုန်မြို့ ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဖယ်ခုံမြို့ ရွှေဓမ္မ ရောင်ခြည် ရှမ်းစာပေနှင့် ယဉ်ကျေးမှုဓမ္မရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဘုတလင်မြို့နယ်တွင် တရားမဝင်သယ်ဆောင်မည့် သစ်များ ဖမ်းဆီးရမိ
20/02/19
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက်က ချင်းတွင်းမြစ်အတွင်းရှိ ရေယာဉ်(၅)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
အမြင့်ဆုံး အပူချိန်၊ အနိမ့်ဆုံး အပူချိန်နှင့် မိုးရေချိန်
20/02/19
၂၀ ဖေဖော်ဝါရီ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံး အပူချိန်၊ အနိမ့်ဆုံး အပူချိန်နှင့် မိုးရေချိန်တို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ကရင်ပြည်နယ်မှ ကျောင်းသား/သူ ၂၀၇၃၀ ဝင်ရောက်ဖြေဆိုမည်
20/02/19
၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများကို စတင် ဖြေဆိုကြမည်ဖြစ်ရာ ကရင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ ၂၀၇၃၀ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်း ပေးသွင်းထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
မုံရွာမြို့နယ်တွင်ပထမအကြိမ် မြင်းအသားကျမောင်းနှင့် ဒုန်းမောင်းပြိုင်ပွဲကျင်းပ
20/02/19
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရွှေဇလုပ်ရပ်ကွက် မိုဃ်းကောင်းရှင်ပင်မြတ်ကြီးဗုဒ္ဓပူဇနိယပွဲတော်တွင် ပထမအကြိမ်အဖြစ် မြင်းအသားကျမောင်းနှင့် ဒုန်းမောင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂ဝ နှင့် (၂၁)ရက်နေ့တို့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
ဇလွန်မြို့နယ် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
20/02/19
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းနှင့် အင်ဂျင်နီယာအဖွဲ့သည် ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော ကျုံအီကျေးရွာနှင့် အောင်သပြေ ကျေးရွာတို့အား ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။