အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှပြန်လည်ထွက်ခွာ
မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ambassador Mr. David Hale ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ည ၇ နာရီ ၃၅ မိနစ်တွင် Bangkok Airways ဖြင့် နေပြည်တော်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသည်။






