စိန်တလုံးသရက်သီး လှိုင်လှိုင်ပေါ်စအချိန်တွင် ယမန်နှစ်ထက် ဈေးကောင်းရနေ
ယခုရာသီတွင် ထွက်ရှိသည့် စိန်တလုံး သရက်သီးများ သင်္ကြန်မတိုင်မီ ပေါ်ဦးပေါ်ဖျားကာလ၌ အဖွင့်ဈေးကောင်းမွန်သည့်အပြင် လက်ရှိ လှိုင်လှိုင်ပေါ်စအချိန်၌လည်း ယမန်နှစ်ထက် ဈေးကောင်းရရှိနေကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(မန္တလေး)မှ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။








