လေဘေးသင့်စာသင်ကျောင်းနှင့် နေအိမ်များအတွက် တပ်မတော်မှ အိမ်မိုးသွပ်ပြားများ ထောက်ပံ့ပေးအပ်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာတွင် ဧပြီ ၂၃ ရက်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည့် စန်းလုကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် နေအိမ်များအတွက် တပ်မတော်မှ အိမ်မိုးသွပ်ပြားများ ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ ၂၇ ရက်တွင် အဆိုပါကျေးရွာ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။





