သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်မျိုးစေ့) ကြဲပက်ပွဲနှင့် ပေးအပ်ပွဲအခမ်းအနားကျင်းပ
ဖျာပုံခရိုင် ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးပြီး လယ်ယာမြေများ သဘာဝမြေဩဇာရရှိစေရန် ရည်ရွယ်၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်မျိုးစေ့) ကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သာပေါင်းကျေးရွာ ကွင်းအမှတ် (၆၇၂)၊ ဦးပိုင် (၂၈)ရှိ တောင်သူ ဦးစိန်သန်း၏ လယ်မြေ(၄)ဧကတွင် လျှော်မျိုးစေ့များအား အတန်းလိုက် စိုက်ပျိုးခြင်းနှင့် ကြဲပက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။








