ထမံသီဘေးမဲ့တော ရေရှည်တည်တံ့ရေးအတွက် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့် ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ရေရှည်တည်တံ့စေရေးအတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ သိရသည်။







