အသည်းအစားထိုးကုသမှုခံယူခဲ့ရရသည့် အာမခံအလုပ်သမားအတွက် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ငွေများထုတ်ပေး
ဧရာဝတီတိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးအကျိုးခံစားခွင့်များအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ထုတ်ပေးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်က ဟင်္သာတခရိုင် မြန်အောင်ရေနံမြေ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။







