"တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစမ်းသပ်အစီအစဉ်" မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ "တရားရုံးကဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေး စမ်းသပ်အစီအစဉ်" မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန−၂ (MICC – 2) ၌ ကျင်းပသည်။
သာယာဝတီခရိုင်တွင် ၂၀၁၉ ခုနှစ်တက္ကသိုလ်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေးလျက်ရှိ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်အတွင်း ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ များအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိရာ ခရိုင်အတွင်းရှိ သာယာဝတီ မြို့နယ်တွင် ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၂၁၆၉ ဦး လက်ပံတန်းမြို့နယ်တွင် ၂၈၂၆ ဦး မင်းလှမြို့နယ်တွင် ၁၇၆၂ ဦး ရှိကြောင်း သိရသည်။
မြိုင်ကြီးငူအထူးဒေသတွင် မျက်စိဝေဒနာရှင်များအား အခမဲ့ဆေးကုသပေးမည်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးပြီး မျက်စိဝေဒနာ ခံစားနေရသည့် ကျေးလက်နေ ပြည်သူများအား မြိုင်ကြီးငူ သီတဂူအာရောဂျဒါနဆေးရုံ၌ မတ်လ ၂ ရက် မှ  ၅ ရက် အထိ အပြင်တိမ်၊ အတွင်းတိမ် မျက်စိဝေဒနာ ခံစားနေရသူများအား သီတဂူမျက်စိအထူးကုဆေးအဖွဲ့ မှ လာရောက်စစ်ဆေးပြီး အခမဲ့ဆေးကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 
မိတ္ထီလာမြို့နယ်၌  သီးနှံအခြေခံတန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်း ဖွင့်လှစ်မည်
မိတ္ထီလာမြို့နယ်၌  ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ စိုက်ပျိုးရေးဆိုင်ရာ ဥပဒေ ရှင်းလင်းပွဲနှင့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ ဥပဒေရှင်းလင်းပွဲနှင့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
လားရှိုးမြို့၌ ဆိုင်ကယ်စီးဦးထုပ်ပေးဝေခြင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး သရုပ်ပြသ 
ခရိုင်ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ၊ ခရိုင်ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လားရှိုးမြိုးမြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ဆိုင်ကယ်စီး ဦးထုပ်ပေးဝေခြင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးသရုပ်ပြသခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

ဘေးအန္တရာယ်များကြောင့် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနှင့် ကြုံတွေ့လာပါက ကောင်းမွန်စွာ စီမံဆောင်ရွက်နိုင်စေရန် သဘာဝဘေးလျော့ပါးရေး (ဆင့်ပွား) သင်တန်းဖွင့်လှစ်
ရပ်ကွက်/ကျေးရွာများအတွင်း ပြည်သူလူထုများ သဘာဝဘေးဆိုင်ရာ အသိပညာတိုးပွားစေရေး၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများကို ----------