စစ်တုရင်သင်တန်းအတွက် စစ်တုရင်သုံးပစ္စည်းများ လှူဒါန်း
ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနတွင် နွေရာသီ သင်တန်းအဖြစ် စစ်တုရင် သင်တန်းကို ဖွင့်လှစ်ထားပြီး သင်တန်းတွင် အသုံးပြုနိုင်ရန်အတွက် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးဇော်ဝင်းတို့က စစ်တုရင်သုံးပစ္စည်း ခြောက်စုံကို လှူဒါန်းခဲ့ကြောင်း သိရသည်။





