ချင်းအမျိုးသားနေ့ပွဲတော်တွင် လာရောက်လည်ပတ်သော အသက်(၄၀)ကျော် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးမည်

(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော် ကျင်းပသည့် ဖလမ်းမြို့ ဟရန်ထီးယိုအားကစားကွင်း၌ ဖေဖော်ဝါရီ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် လာရောက်လည်ပတ်သော အသက်(၄၀)ကျော် ပြည်သူများအား ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက် မှုပေးမည်ဖြစ်ကြောင်း ဖလမ်းမြို့နယ် ကျန်းမာရေးမှူး ဦးရိုနိုတ်ခါးက ပြောသည်။
(၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့မုခ်ဦးဖွင့်ပွဲကျင်းပ
မင်းတပ်မြို့ မြို့မအားကစားကွင်း၌ ယနေ့နံနက် ၈ နာရီက (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ မုခ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပရာ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်း မင်းတပ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကို ချင်းအမျိုးသားနေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌဦးအွမ်ဂေလိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
မန္တလေး ကျုံးအရှေ့ဘက်ခြမ်းရှိ ပလက်ဖောင်းအဆင့်မြှင့်တင်ခြင်းကို သင်္ကြန်မတိုင်ခင် အပြီးဆောင်ရွက်မည်
မန္တလေးမြို့ ၆၆ လမ်း ကျုံးအရှေ့ဘက်ခြမ်းရှိ ပလပ်ဖောင်းအဆင့်မြှင့်တင်ခြင်းအား ဆောင်ရွက်လျှက်ရှိပြီး သင်္ကြန်မတိုင်ခင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။
ကျောက်ကြီးမြို့နယ်၌ မိုင်းကြောင့် ခြေထောက်စွန့်လွှတ်လိုက်ရသူများအား မသန်စွမ်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် အသင်းခွဲငယ်ဖွဲ့စည်းပေး
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ ကော့ပြင်းကျေးရွာ၌ ယနေ့ နံနက်ပိုင်းက မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး မင်းမြတ်ဘုန်း ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များl ကြက်ခြေနီ အသင်းတာဝန်ရှိသူများက မိုင်းကြောင့်ခြေထောက်စွန်လွတ်လိုက်ရသူများအား မသန်စွမ်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် အသင်းခွဲငယ် ဖွဲ့စည်း ပေးခဲ့ကြောင်းသိရသည်။
ရထားလမ်းစီမံကိန်း(၂)ခုတွင် အသုံးပြုခဲ့သော မြေယာ(၅၇၄.၂)ဧကအတွက် လျော်ကြေးငွေ ကျပ်သန်း ၁၇၀ဝ ကျော်ပေးအပ်
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ဖြတ်သန်းဖောက်လုပ်ခဲ့သော ရထားလမ်း စီမံကိန်း(၂)ခုမှ အသုံးပြုခဲ့သည့် ဒေသခံပြည်သူများ၏ ယာမြေဧကပေါင်း(၅၇၄ ဒသမ ၂)ဧကအတွက် လျော်ကြေးငွေ ပေးအပ်ပွဲကို မင်းဘူးခရိုင် ၊အထွေထွေအုပ်ချုပ်ရေးခန်းမ၌ ဖေဖော်ဝါရီလ ၁၈ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ပြီး လျော်ကြေးငွေကျပ်(၁၇၇၉ ဒသမ ၁၅၉) သန်းအား နစ်နာခဲ့သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
သမိုင်းဝင်ဆံတော်ရှင်ကျိုက်မက်ကော်စေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်များ စည်ကားသိုက်မြိုက်စွာကျင်းပ
သမိုင်းဝင်ဆံတော်ရှင် ကျိုက်မက်ကော်စေတီတော်မြတ်ကြီးတွင် (၈၂) ကြိမ်မြောက် ယင်္ဂဏပရိယတ္တိစာဖြေပွဲကြီး ----------
တာချီလိတ်ခရိုင် မြို့များတွင် နေထိုင်သူများတစ်နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ပြုလုပ်ခွင့်ရပြီ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်းရှိ မြို့များတွင် နေထိုင်ပြီး အိမ်ထောင်စုဇယားရှိသူများကို တစ်နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Border Pass)အား ပြုလုပ်ခွင့်ရပြီဖြစ်ကြောင်း သိရသည်။