ကျွန်းစုမြို့နယ်ရှိ လှောင်အိမ်စနစ်ဖြင့် ရေငန်ငါး မွေးမြူမည့်နေရာသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ ဒုံးပုလဲအော် ကျေးရွာအနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လှောင်အိမ်စနစ်ဖြင့် ရေငန်ငါးမွေးမြူရေး လုပ်ငန်းနေရာသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်း၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို
မြဝတီမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် ၁၇၀၅ ဦးနှင့် ၂ နှစ်အောက်ကလေး ၄၉၀ ဦးတို့အတွက် ထောက်ပံ့ငွေများပေးအပ်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် ၁၇၀၅ ဦးနှင့် ၂ နှစ်အောက် ကလေးငယ် ၄၉၀ ဦးတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၈၆၅၃၅၀ဝ၀ အား ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြဝတီမြို့ သောင်ရင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန်းရေနံမြေနှင့် ထိစပ်ကျေးရွာများတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် (CSR) လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်းရေနံမြေနှင့် ထိစပ်ကျေးရွာများတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် (CSR) လုပ်ငန်းများကို ဖေဖော်ဝါရီ ၁၆ ရက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်၌ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး ဟောပြော
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာများအကြာင်း အသိပညာပေးဟောပြောပွဲကို
“ချင်းတွင်းမြစ်ကို ကယ်တင်စို့” လူထုလှုပ်ရှားမှု မုံရွာမြို့တွင်ပြုလုပ်
“ချင်းတွင်းမြစ်ကိုကယ်တင်စို့” အမှိုက်ကောက် လူထုလှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းမြစ်ဝှမ်း အဖွဲ့အစည်းရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖာပွန်မြို့နယ်၌ ခြေတုလက်တု တပ်ဆင်ထားသူများအား အသေးစားပြန်လည်ပြုပြင်ခြင်းနှင့် အခမဲ့လဲလှယ်ပေး
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဦးစီးဌာနမှ  ဖာပွန်မြို့နယ်အတွင်းရှိ ခြေတုလက်တု တပ်ဆင်ထားကြသူများအား
မောင်တောမြို့နယ် သင်္ဘောလှ (ဒိုင်းနက်) ကျေးရွာမှ ရွာသားသုံးဦး သတ်ဖြတ်ခံရပြီး မြေကျင်းအတွင်း မြှုပ်နှံထားသည် တွေ့ရှိရ
မောင်တောမြို့နယ် သင်္ဘောလှ (ဒိုင်းနက်) ကျေးရွာမှ ရွာသားသုံးဦး ဖေဖော်ဝါရီ ၁၅ ရက်တွင် ဂဏန်းရှာရန် သွားရောက်ရာမှ ပြန်လည်ရောက်ရှိခြင်း မရှိသဖြင့် လိုက်လံရှာဖွေရာ သတ်ဖြတ်ခံရပြီး မြေကျင်းအတွင်း မြှုပ်နှံထားသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။