ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးရွာပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် ဥပဒေမူဘောင်နှင့်အညီ ဖော်ဆောင်ပေးနိုင်ရေးနှင့် ဒေသအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အစိုးရ၊ လွှတ်တော်နှင့် ပြည်သူ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရေးအတွက် လူထုတွေ့ဆုံပွဲကို ယမန်နေ့က မယ်စဲ့မြို့နယ်၊ လမ်းဆုံကျေးရွာခန်းမဆောင်နှင့် မယ်စဲ့မြို့၊ မြို့နယ်ခန်းမတို့၌ ကျင်းပပြုလုပ်ခဲ့သည်။