တပ်ကုန်း၊ ဟုမ္မလင်း၊ သိန္နီနှင့် တောင်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ      

တပ်ကုန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းက တပ်ကုန်းမြို့နယ်၊ အောင်သပြေကျေးရွာအုပ်စု၊ ဂိုဒေါင်ကျေးရွာအနီးတွင် ကျော်လင်းဦး မောင်းနှင်ပြီး ဝင်းဇော်ဦး လိုက်ပါလာသော မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၄၀၂ ပြားကိုလည်းကောင်း၊
ငပုတောမြို့နယ်တွင် အုတ်ရှစ်ကလေးကျေးရွာရှိ ရွာသား ၁၂၀ ခန့် အစာအဆိပ်သင့်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုတ်ရှစ်ကလေးကျေးရွာနေ မ---၏ နေအိမ်၌ ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၀နာရီက ကျွေးမွေးလှူဒါန်းသည့် ခေါက်ဆွဲကြော်အား စားသုံးမိသူ ရွာသား ၁၂၀ ခန့်သည် အော့အန်နေသဖြင့် ငပုတောမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည်။
မူးယစ်ဆေးဝါးသတင်း ထပ်မံဖော်ထုတ်ရရှိမှု
1
ဟိုပုံးနှင့်ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၂၆ ဧက ဖျက်ဆီး
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ ဒုံမောက္ကလန်ကျေးရွာ၏ အရှေ့တောင်ဘက် ၃မိုင်ခန့် အကွာတွင် ဒီဇင်ဘာ ၂၂ ရက်က ဟိုပုံးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ...............
ပေါင်းတည်မြို့၌ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့၌ ယနေ့ နံနက် ၁ နာရီခွဲခန့်က မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်သို့ မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့
မီးသတ်ယာဉ်တစ်စီး ဂျွိုင်းဆက်ပြုတ်၍ တိမ်းမှောက်မှုဖြစ်ပွား
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယမန်နေ့ ညနေပိုင်းက မီးသတ်ယာဉ်တစ်စီး ဂျွိုင်းဆက်ပြုတ်၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရ
အင်းစိန်၊ လောက်ကိုင်နှင့် ကျိုင်းတုံမြို့နယ်တို့တွင်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ       
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက် ညနေ ၄ နာရီက အင်းစိန်မြို့နယ်၊ ရွာမ(အရှေ့)ရပ်ကွက်၊ ဂျပန်လမ်း၊ မြို့တော်ဂေါက်ကွင်းဟိုတယ်၊ မြေညီထပ်၊ အခန်းအမှတ်(၁၂၄)ကိုရှာဖွေရာ ဇင်မောင်ဝင်း အားတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၅၀ဝ ၊ လက်ကိုင်ဖုန်း (၁)လုံးနှင့် Light Truck အမျိုးအစားမော်တော်ယာဉ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၎င်းဟိုတယ်တွင် သူရအောင် အား လက်ကိုင်ဖုန်းတစ်လုံး၊ Honda Fit အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။