မန္တလေးမြို့တွင် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပမည်

မန္တလေးမြို့တွင် ၁၇ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ ပန်းမန်ပြပွဲနှင့် ပြိုင်ပွဲကို ကန်တော်ကြီး လူထုအပန်းဖြေဥယျာဉ် ၌ ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီထံက သိရသည်။
နည်းပြ ဦးကြည်လွင်အား သုံးလစာလျော်ကြေးငွေကျပ် ၇၅ သိန်းကို ပေးအပ်မည်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဦးကြည်လွင်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး  စာချုပ်ပါလျော်ကြေးအတိုင်း သုံးလစာ ငွေကျပ် ၇၅ သိန်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့တွင် သီတဂူဓမ္မသဘင် ကျင်းပ
သီတဂူဆရာတော်ဘုရားကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာမဏ္ဍိတ ဒေါက်တာ အရှင်ဉာဏိဿရ ဟောကြားချီးမြင့် တရားအလှူပေးသည့် သီတဂူဓမ္မသဘင်ကို
ယစ်မျိုးလိုင်စင်၊ အုတ်ဖုတ်လိုင်စင် ကတ်ပြားများနှင့် ရပ်ကွက်မြေငှားဂရန်များ ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့တွင် ယစ်မျိုးလိုင်စင် အုတ်ဖုတ်လိုင်စင်ကတ်ပြားများနှင့်ရပ်ကွက်မြေဌားဂရန်ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းက ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ပြုလုပ်ခဲ့သည်။
ပဲခူးမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် UNDP တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက  ပဲခူးမြို့ မြို့တော်ခန်းမ၌  ကျင်းပသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကယားပြည်နယ်အတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ နိုင်သက်လွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ (ပြည်သူ့၊ အမျိုးသား၊ ပြည်နယ်)နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လမ်းညွှန်အမှာစကား ပြောကြားသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး တာချီလိတ်မြို့၌ ပြန်လည်လွှဲပြောင်းပေးအပ်
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးကို ထိုင်းနိုင်ငံ တာဝန်ရှိသူများက မြန်မာနိုင်ငံဘက်သို့ ယနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား၌ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။