အရည်အသွေးပြည့်ဝသော၊ ဥပဒေညွှန်ကြားချက်များနှင့် ကိုက်ညီသော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ သုံးစွဲနိုင်ရေး ကွင်းဆင်းစစ်ဆေး

မိုင်းရှူးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများအနေဖြင့် အရည်အသွေး ပြည့်ဝသော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ သုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီခွဲက မိုင်းရှူးမြို့ပေါ်ရှိ လက်လီ လက်ကား ရောင်းချသည့် အရောင်းဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
လင်းနို့ဂူသဘာဝပတ်ဝန်းကျင်အသိပညာပေးနှင့် အပန်းဖြေစခန်းရှိ ရေကန်အတွင်း တိုက်လိပ်များလွှတ်ပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ဇင်းကျေးရွာအနီးရှိ လင်းနို့ဂူနှင့် သဘာဝပတ်ဝန်းကျင် အသိပညာပေးနှင့် အပန်းဖြေစခန်းရှိ ရေကန်အတွင်းသို့ ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက ရှားပါးစာရင်းဝင် မြန်မာမျိုးရင်းစိတ်ဖြစ်သော တိုက်လိပ်အထီးအမ ၁ဝ ကောင်အား လွှတ်ပေးခဲ့ကြောင်း သိရသည်။
ကျပ် ၅၀ဝ တန်ထီဖွင့်ပွဲ ဇန်နဝါရီ ၁ ရက် ကျင်းပမည်
၁.၁.၂၀၁၉ (အင်္ဂါနေ့)တွင် (၂၂) ကြိမ်မြောက် ကျပ် ၅၀ဝ တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲကို အောင်ဘာလေသိန်းဆုဌာနခွဲတည်ရှိရာ အမှတ် (၃၈၄) မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့် ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ရှိ ထီဖွင့်ပွဲခန်းမဆောင်၌ နံနက် ၈ နာရီမှစတင်၍ တစ်ရက်တည်းဖြင့် အပြီးဖွင့်လှစ်မည်ဖြစ်သည်။
ကန့်ဘလူမြို့နယ်တွင် လင်းနို့ဂူသဘာဝပတ်ဝန်းကျင် အသိပညာပေးနှင့်အပန်းဖြေစခန်းဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ဇင်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား မဟာ ဗျူဟာကားလမ်းမပေါ်ရှိ လင်းနို့ဂူနှင့် သဘာဝပတ်ဝန်းကျင် အသိပညာပေးနှင့် အပန်းဖြေစခန်းဖွင့်ပွဲကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၁ဝ နာရီက အဆိုပါ အပန်းဖြေစခန်းမုခ်ဦးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Vice President U Myint Swe urges traditional medicine practitioners to raise standards, preserve knowledge

လောင်းရှည်မြို့တည် နှစ် ၁၀၀၀ ပြည့် မုခ်ဦးကျောက်စာတိုင်ဖွင့်
ဂန့်ဂေါခရိုင် ဆောမြို့နယ် ရှေးမြို့ဟောင်း လောင်းရှည်မြို့တည် နှစ် ၁၀၀၀ ပြည့် မုခ်ဦးကျောက်စာတိုင် ဖွင့်ပွဲကို ဒီဇင်ဘာ ၂၆ ရက် (ကောဇာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် နတ်တော်လပြည့်ကျော် ၄ ရက်နေ့) တွင် လောင်းရှည်မြို့ဟောင်း စလင်းချောင်းကွင်းပြင်တွင် ပြုလုပ်သည်။