၂၀၁၈ ခုနှစ် နှစ်သစ်ကူးညပိုင်းတွင် ထိခိုက်ဒဏ်ရာရသူ (၈၁)ဦးရှိခဲ့ပြီး ဆေးရုံတက်ရောက်သူ (၂၁)ဦးသာရှိခဲ့

မန္တလေးမြို့တွင် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်သို့ ကူးပြောင်းသည့်  နှစ်သစ်ကူးညပိုင်းတွင် ယာဉ်မတော်တဆဖြစ်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရသူ (၈၁)ဦးရှိခဲ့ပြီး ၎င်းတို့အနက် ဆေးရုံတက်ရောက်သူ (၂၁)ဦးသာရှိပြီး လူသေဆုံးမှုမရှိခဲ့ကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှ သိရသည်။
ဘန်ကောက်မြို့တွင် ၁၂ နိုင်ငံမှ သံဃာတော်များနှင့် ပြည်သူများက နှစ်သစ်ကူးအကြို ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနား ကျင်းပ
နိုင်ငံပေါင်း ၁၂ နိုင်ငံမှ သံဃာတော်များ၊ ဗုဒ္ဓဘာသာဝင်များပါဝင်သည့် နှစ်သစ်ကူးအကြို ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်ည ၁၁ နာရီမှ စတင်ကာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆာနမ်လွန်တွင် ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကော့သောင်းဘိုးဘွားရိပ်သာနှင့် မလိဝမ်းကျေးရွာရှိ ရွှေတောင်ဦးပရဟိတ ဂေဟာများသို့ သွားရောက်ထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ရှိ ကော့သောင်း ..............
ပလင်းကမ်းသာယာ ဆင်စခန်းတွင် နှစ်သစ်ကူးရုံးပိတ်ရက် လာရောက်လေ့လာ လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုလင်းကျေးရွာအနီးတွင် ဖွင့်လှစ်ထားရှိသော ပလင်းကမ်းသာယာ ဆင်စခန်းသို့ နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း လာရောက်လေ့လာသူ၊ ဆင်ချစ်သူများနှင့် စည်ကားနေကြောင်း သိရသည်။
မန်းရွှေစက်တော်ရာ ဘုရားဖူးပြည်သူများ ဆင်စီး၍ သဘာဝရှုခင်းများ လည်ပတ်ကြည့်ရှုနိုင်မည်
မြန်မာနိုင်ငံတွင် အရှည်ကြာဆုံးပွဲတော်များတွင် တစ်ပွဲအပါအဝင်ဖြစ်သည့် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ်..........
ပခုက္ကူမြို့ရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားများတွင် ပြည်တွင်းဘုရားဖူးပြည်သူ များပြားလျက်ရှိ
နှစ်သစ်ကူးရုံး ပိတ်ရက်ရှည်ကာလများတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားများဖြစ်သည့် သီဟိုဠ်ရှင်ဘုရား၊ ရွှေကူဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောဘုရားတို့တွင် ပြည်တွင်းဘုရားဖူးသူ များပြားလျက်ရှိကြောင်း သိရသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) (၅၄)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့နှင့် စာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ
ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) (၅၄)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့နှင့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။