မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ် စောင်းတန်းရှိ ဈေးဆိုင်ခန်းခ တိုးမြင့်ကောက်ခံမည် 

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားကြီး စောင်းတန်းများရှိ ဈေးဆိုင်ခန်းများကို ဆိုင်ခန်းခ တစ်လကျသင့်ငွေ ထက် ၁၄၀ဝ၀ ကျပ် ထပ်တိုး ကောက်ခံမည်ဖြစ်ရာ ဆိုင်ရှင်တစ်ချို့က ဆိုင်းခန်းခအတွက် အခက်အခဲရှိနေကြောင်း ပြောသည်။
ချင်းတွင်းမြစ်ကူးတံတား(ဟုမ္မလင်း) ဇန်နဝါရီ ၁၄ ရက်တွင် ဖွင့်လှစ်မည်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက် ပြီးစီးသော ချင်းတွင်းမြစ်ကူးတံတား (ဟုမ္မလင်း)အား ဇန်နဝါရီ ၁၄ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါ တံတားကို တာဝန်ယူတည်ဆောက်ခဲ့သော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့(၂)မှ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ)  ဦးဇေယျာစိုး၏ ပြောကြားချက်အရ သိရသည်။
ကျောင်းသား၊ ကျောင်းသူများအတွက် သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကျင်းပ 
အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ  မြို့နယ်ဦးစီးမှူးရုံးမှ  သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် အသက်(၁၀)နှစ်ပြည့်  နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၃၁၉ကတ် ပေးအပ်ပွဲအခမ်းအနားကို
(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ် ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပမည် 
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ကို မတ် (၁၁)ရက်မှ (၂၀)ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွား မည်ဖြစ်သည်။ 
(၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော် မုခ်ဦး နှင့် ပြခန်းများဖွင့်ပွဲ လွိုင်ကော်မြို့၌ကျင်းပ
(၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ ပွဲတော်မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁ဝ ရက်နေ့ နံနက် (၈)  နာရီက လွိုင်ကော်မြို့ စာတိုက်အဝိုင်းအနီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဇနီး ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး နှင့် ဇနီး ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊  တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊  ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။ 
ငပလီကမ်းခြေဒေသတွင် ပလတ်စတစ်ပြန်လည်သန့်စင်အသုံးပြုသော စက်ရုံဖွင့် 
ရခိုင်ပြည်နယ်၏အဓိကခရီးစဉ်ဒေသတစ်ခုဖြစ်သော ငပလီကမ်းခြေ၏ သာယာလှပမှု ပုံရိပ်ကောင်းများ ရေရှည်တည်တံ့ပြီး ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်နိုင်စေရေးအတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏  ကြီးကြပ်လမ်းညွန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (စစ်တွေရုံးခွဲ)၏ ပံ့ပိုးမှု ၊ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်) နှင့် ဂျာမဏီနိုင်ငံအခြေစိုက် Stiftunglife Foundation တို့မှ ပူးပေါင်းကူညီမှုများဖြင့် ငပလီကမ်းခြေဒေသတွင် ပလတ်စတစ်ပြန်လည်သန့်စင်အသုံးပြုသော စက်ရုံဖွင့်ပွဲကို ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဘဏ္ဍာရေး၊အခွန်၊စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ၊ ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ကျောက်ပန်းတောင်းမြို့နယ်၌ ဖွင့်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါ က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် မီးဘေးတားဆီးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို  ကျောက်ပန်းတောင်းမြို့  အောင်မင်္ဂလာရပ်ကွက်ရှိ မီး သတ်ဦးစီးဌာနရုံးတွင်ဖွင့်လှစ်လျှက်ရှိကြောင်းသိရသည်။