တရုတ်ဆေးဝါး ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ဘေးကင်းလုံခြုံမှု ရှိသည်ဟု ဖိလစ်ပိုင်သမ္မတ ပြောကြား
ဖိလစ်ပိုင်သမ္မတ ဒူတာတေးက တရုတ်ဆေးဝါး ကုမ္ပဏီများက ထုတ်လုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ဘေးကင်းလုံခြုံမှု ရှိသည်ဟု မှတ်ချက်ပြုပြောကြားကာ ထိုကာကွယ်ဆေးများ ဝယ်ယူရန် အစိုးရ၏ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုသွားသည်။