ဝန်းသိုမြို့နယ်အတွင်းမှ ကျွန်းသစ်လုံး ၇၃ တန်ကျော် သိမ်းဆည်းရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ မံကပ်ကြိုးဝိုင်းနှင့် နန်းခမ်းကြိုးဝိုင်းအတွင်းမှ ကျွန်းသစ်လုံးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ကျောင်းသူနှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

လူနာတင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တိုက်ကာ ရေမြောင်းအတွင်း ထိုးကျမှုဖြစ်ပွား

ဖြူးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၉ ရက် မွန်းလွဲပိုင်းက ဖြူးမြို့နယ်၊ သစ်ခြောက်ခင်ကျေးရွာနေ ဦးဆယ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းအားတွေ့ရှိခြင်းမရှိဘဲ နေအိမ်တွင်ရောက်ရှိနေသူ ဒေါ်ခင်တုတ်ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၁,၉၀၀ ပြား သိမ်းဆည်းရမိခဲ့သည်။ 
လားရှိုးမြို့နယ်၌ အမျိုးသမီး ၂ ဦးအားသတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သည့် တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၌ အမျိုးသမီးနှစ်ဦးကိုသတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သည့် တရားခံ ချစ်ကို(ခ)ပိုင်စိုးအောင်အား ဇွန် ၁၇ ရက်က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ပင်လည်ဘူး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန် ၁၈ ရက် နံနက်ပိုင်းက ပင်လည်ဘူးမြို့နယ်၊ ကျော်ရွာကြီး-ဘာဟဲကျေးရွာ သွားကားလမ်းတွင် လမ်းလျှောက်လာသူ စိုးထွေး အားစစ်ဆေးရှာဖွေရာ  ဘိန်းဖြူ ၁ ဒသမ ၁ ကီလို၊ ဓား ၁ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ပင်လည်ဘူးမြို့နယ်၊ တောင်ဒွန်းကျေးရွာအုပ်စု၊ ကျော်ရွာကြီးကျေးရွာနေ နီတွတ်(ခ)ကျော်စိုးဦး၏ နေအိမ်ကိုသွားရောက်ရှာဖွေရာ