Latest News
နောက်ဆုံးရသတင်းများ
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ နေ့စဉ်ဝင်ရောက်လည်ပတ်လျက်ရှိ
09/02/19
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အဆက်မပြတ် ဝင်ရောက်လည်ပတ်လျက်ရှိရာ .....
အိန္ဒိယဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အဖွင့်ပွဲတွင် မြန်မာအသင်း ဂိုးပြတ်အနိုင်ရ
09/02/19
အိန္ဒိယဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် Hero Gold Cup အိန္ဒိယဖိတ်ခေါ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပထမနေ့ကို ယနေ့ညနေပိုင်းက အိန္ဒိယနိုင်ငံ၌ စတင်ကျင်းပရာ မြန်မာ့လက်ရွေးစင်အသင်း နိုင်ပွဲရရှိခဲ့သည်။ မြန်မာအသင်းသည် နီပေါအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
သုတဘဏ်စာတမ်းဖတ်ပွဲ ကျင်းပ
09/02/19
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကြီးမှူး၍ သုတဘဏ်စာတမ်းဖတ်ပွဲကို ယနေ့မွန်းလွဲ(၁) နာရီတွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံ စာရေးဆရာအသင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကျောက်ဖြူ၊ ရမ်းဗြဲနှင့် မအီမြို့များအတွင်းရှိ မိခင်များ၊ ကလေးများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့မှုများပေးအပ်
09/02/19
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ရမ်းဗြဲနှင့် မအီမြို့များအတွင်းရှိ မိခင်များ၊ ကလေးများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့မှုပေးအပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်များတွင် ညှိနှိုင်းဆွေးနွေး
09/02/19
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာ ဆရာမများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၌ ကျင်းပသည်။
ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၆) ဆက်လက်ကျင်းပ
09/02/19
၂၀၁၈-၂၀၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၆) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာ ထိပ်ဆုံးမှ MIC အသင်း ၁၆ ပွဲဆက် အနိုင်ရခဲ့သည်။
မြန်မာ ယူ-၂၂ အသင်း၏ ပဏာမလူစာရင်း ၃၀ အထိရှိလာပြီး ဧရာဝတီနှင့် ခြေစမ်းမည်
09/02/19
၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် ကစားသမားများ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဒဏ်ရာရကစားသမား တစ်ဦးကို ပြန်လည်စေလွှတ်ကာ သုံးဦးအားဖြည့်ခဲ့သည်။ ထို့ကြောင့် မြန်မာ ယူ-၂၂ အသင်း၏ ပဏာမလူစာရင်းမှာ ၃၀ အထိရှိလာပြီး ဧရာဝတီအသင်းနှင့် ခြေစမ်းကစားရန် စီစဉ်ထားသည်။
ဘုတလင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာအလိုက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
09/02/19
၂၀၁၉ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာအလိုက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ......
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ရုပ်ရှင်အနုပညာရပ်ဝန်းရှိ စတူဒီယိုများနှင့် စတူဒီယိုအတွင်း ရုပ်ရှင်ရိုက်ကူးဆောင်ရွက်နေမှုများ ကြည့်ရှု
09/02/19
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ်(၅၀) ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်းအတွင်း ..........
အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ တွေ့ဆုံညှိနှိုင်းပွဲကျင်းပ
09/02/19
စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သား ၃၀ ဦးနှင့်အထက်ရှိပါက WCC ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားများနှင့် ...........