မင်းဘူး-အမ်း-စစ်တွေ မီးရထားလမ်းစီမံချက်ကို ဘက်စုံလေ့လာမှုများပြုလုပ်ပြီးမှသာ ပြန်လည်ဆောင်ရွက်နိုင်မည်
၂၀၁၀ ပြည့်နှစ်မတိုင်မီက ပြည်ထောင်စုဘတ်ဂျက်ဖြင့် စတင်ဆောင်ရွက်ခဲ့သည့် မင်းဘူး-အမ်း-စစ်တွေ ရထားလမ်း စီမံချက်ကို ပြန်လည်အကောင်အထည်ဖော်ရန်အတွက် ဘက်စုံလေ့လာမှုများ ပြုလုပ်ပြီးမှသာ ပြန်လည်စတင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။






