မြောက်ဦးမြို့နယ် တိုက်ပွဲရှောင်စခန်းများသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်သို့  နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာကာ ခိုလှုံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို မေလ ၂၆ ရက် မွန်းလွဲပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အင်္ဂလိပ်ဘာသာ စကားပြောစွမ်းရည်ပြိုင်ပွဲ ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် JEK ပညာဒါနသင်တန်းတို့ ပူးပေါင်းကျင်းပသည့် အင်္ဂလိပ် ဘာသာစကား ပြောစွမ်းရည်ပြိုင်ပွဲ ကို ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
(၇၄)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အလွတ်တန်းစစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ၊ ကလောမြို့နယ်တွင်(၇၄)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းစစ်တုရင်ပြိုင်ပွဲ ဆုချီးမြင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့နယ်အတွင်း၂၀၁၈-၂၀၁၉ ခုနှစ် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးခြင်းအတွက် ကွန်ပေါင်းဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်
၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း စလင်းချောင်းရေတိုက်စားမှုကြောင့် ပုံစံ(၇)ရရှိပြီးသည့် ကမ်းပါးပြိုလယ်ယာ မြေများအား ကွန်ပေါင်းဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပခဲ့ သည်။
အိမ်မဲမြို့တွင် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျန်းမာရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေပြည်တန် ခန်းမ၌မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်တွင် ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး  စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းကို မတ် ၂၆ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။ 
အာရှကမ္ဘာမြေကုမ္ပဏီမှ နိုင်ငံတော်အား ပေးသွင်းရန် ရွှေစင် ပိဿာချိန် ၃၄၀ ကျော်ကျန်ရှိဟုဆို
အာရှကမ္ဘာမြေကုမ္ပဏီမှ နိုင်ငံတော်အား ပေးသွင်းရန် ရွှေစင် ပိဿာချိန် ၃၄၀ ကျော် ကျန်ရှိနေကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာငွေအရအသုံး စာရင်းစစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။