ရှေးဟောင်းသမိုင်းဝင် မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မော်တင်စွန်းအငူတွင် တည်ထားကိုးကွယ်ထားသည့် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီးရှိရာ ကမ်းခြေတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။




