ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ကရင်ပြည်နယ်မှ ကျောင်းသား/သူ ၂၀၇၃၀ ဝင်ရောက်ဖြေဆိုမည်
၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများကို စတင် ဖြေဆိုကြမည်ဖြစ်ရာ ကရင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ ၂၀၇၃၀ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်း ပေးသွင်းထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။








