မအူပင်မြို့တွင် မှုခင်းအသိပညာပေးယာဉ်ဖြင့် မှုခင်းကျဆင်းရေးပညာပေး

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဦးဆောင်သော နယ်လှည့်မှုခင်းပညာပေးယာဉ်သည် ယနေ့နံနက်ပိုင်းက မအူပင်မြို့သို့ရောက်ပြီး မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် မှုခင်းကျဆင်းရေး အသိပညာပေး ပြခန်းများ၊ ပညာပေးဗီဒီယိုကားများနှင့် ဟောပြောပွဲများကို ဆောင်ရွက်ခဲ့သည်။
ပထမအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပ
ပထမအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ယနေ့ တပို့တွဲလပြည့် (ဖေဖော်ဝါရီ ၁၉ ရက်) ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ တာဝေးစက်ဘီးအားကစားကွင်း၌ ကျင်းပသည်။
အမရပူရမြို့ မဟာဝိဇယရံသီ ပုထိုးတော်ကြီးမြတ်စွာဘုရား ရတနာစိန်ဖူးတော်၊ ရွှေစင်ရွှေသား ရွှေငှက်မြတ်နားတော်၊ ဆည်းလည်းပဒေသာ၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် အရံစေတီများ၏ စိန်ဖူးတော်များနှင့် ငှက်မြတ်နားတော်များ အထွတ်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ
အမရပူရမြို့နယ်တွင် ဘကြီးတော်စစ်ကိုင်းမင်း တည်ထားကိုးကွယ်တော်မူခဲ့သော မဟာဝိဇယရံသီ ပုထိုးတော်ကြီးမြတ်စွာဘုရား ရတနာစိန်ဖူးတော်၊ ရွှေစင်ရွှေသား ရွှေငှက်မြတ်နားတော်၊ ဆည်းလည်းပဒေသာ၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် အရံစေတီများ၏ စိန်ဖူးတော်များနှင့် ငှက်မြတ်နားတော်များအထွတ်သို့ တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၆ နာရီတွင် စေတီတော်ရင်ပြင်တော်ရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။
အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်(မူကြမ်း)အပေါ် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အကြံပြုဆွေးနွေးပွဲ ကျင်းပ
အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်(မူကြမ်း)အပေါ် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ အကြံပြုဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ Assistant Director General, Ms. Kundhavi Kadiresan အားတွေ့ဆုံ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ Assistant Director General, Ms. Kundhavi Kadiresan နှင့်အဖွဲ့အား
ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများအား ဥပဒေရေးရာနှင့် တရားစီရင်ရေးဆိုင်ရာ ပညာပေးဟောပြော
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပြုပေးရေးအဖွဲ့မှ ကျင်းပပြုလုပ်သော အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၃ နာရီက  အမှတ်(၁)ရပ်ကွက် ဆုတောင်းပြည့် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်၌ ညံရိုးမီးပူဇော်ပွဲကျင်းပ
ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ယနေ့နံနက် ၄ နာရီက ညံရိုးမီးဇော်ပွဲကျင်းပပြုလုပ်ရာ ဒေသခံပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။