တာချီလိတ်၌ ငွေလဲဆိုင်တစ်ဆိုင်အား သေနတ်ဖြင့်ထောက်ကာ ကျပ်သိန်း ၂၀ဝ ခန့် လုယက်မှုဖြစ်ပွား
တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ငွေလဲဆိုင် တစ်ဆိုင်၌ ဆိုင်ရှင်အား သေနတ်ဖြင့် ချိန်ကာ အမျိုးသား လေးဦးက ကျပ်သိန်း ၂၀ဝ ခန့် တန်ဖိုးရှိ တရုတ်၊ ထိုင်း၊ မြန်မာငွေများကို ယနေ့ နံနက် ၇ နာရီကျော်ခန့်က လုယက်သွားခဲ့သည်။






