တာချီလိတ်၌ ရှမ်းရိုးရာ ဝေသန္တရာဇာတ်တော် လှည့်လည်ပူဇော်ပွဲနှင့် ရွတ်ဖတ်ပူဇော်ပွဲ စတင်ကျင်းပ
တာချီလိတ် ၂၄ စက်တင်ဘာ
ပထမဆုံးအကြိမ် ရှမ်းရိုးရာဝေသန္တရာဇာတ်တော် လှည့်လည်ပူဇော်ပွဲနှင့် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မယ်ခေါင်ရပ် ကွက်ရှိ မယ်ခေါင်ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာ ၂၄ ရက်ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။