Latest News

နောက်ဆုံးရသတင်းများ

ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်တွင်း

13/05/23

ရသေ့တောင် မေ ၁၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၁၃ ရက် နံနက်ပိုင်းက အရှေ့မြောက်ရပ်ကွက်ရှိ အောင်မြေဗောဓိသာသာနာ့ရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်အတွင်း အရေးပေါ်ရွေ့ပြောင်းထားသော Command Post အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

နေ့စဉ်မိုးလေဝသသတင်း

မိုးလေဝသ

13/05/23

(၂၀၂၃ ခုနှစ်၊ မေလ(၁၃)ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၁၉/၂၀၂၃)

ပြည်တွင်း

13/05/23

(၂၀၂၃ ခုနှစ်၊ မေလ (၁၃)ရက်နေ့၊မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)အခြေအနေ

ဘိုကလေးမြို့နယ် မီးသတ်တပ်ဖွဲ့အနေဖြင့် သဘာဝဘေးကျရောက်လာပါက အချိန်မီ ကူညီကယ်ဆယ်နိုင်ရေး အသင့်စုဖွဲ့ထားရှိ

ပြည်တွင်း

13/05/23

ဘိုကလေး မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်တပ်ဖွဲ့အနေဖြင့် ဒေသတွင်း၌ သဘာဝဘေး ကျရောက်လာပါက အချိန်မီ ကူညီကယ်ဆယ်နိုင်ရေးအတွက် လူအင်အား၊ ယာဉ်အင်အားတို့ အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများဖြင့် အသင့်စုဖွဲ့ထားရှိကြောင်း သိရသည်။

မောင်တောမြို့၌ မုန်တိုင်းဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန် တာ၀န်ရှိသူများက ကွင်းဆင်းဆောင်ရွက် 

ပြည်တွင်း

13/05/23

မောင်တော မေ ၁၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန် တာ၀န်ရှိသူများက မေ ၁၂ ရက် ညနေပိုင်းက  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။