ဒုတိယဝန်ကြီး ဦးအောင်လှထွန်း  ယူနန်ပြည်နယ် ပါတီကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ပါတီကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး (နိုင်ငံတော်ဒုတိယဝန်ကြီးအဆင့်) Mr. Zhao Jin ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။  
နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး၊ တမူးခရိုင် ဦးစီးမှူးတို့၏ ...
အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် International Growth Center (IGC) တို့ ပူးပေါင်း၍ အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင် ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ပါခ်ရွိုင်ရယ်ဟိုတယ်တွင် ကျင်းပခဲ့သည်။
ကရင်ပြည်နယ်အတွင်း မျှော်မှန်းလူဦးရေ ကိုးသိန်းခုနှစ်သောင်းကျော်ကို ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်းတိုက်ကျွေးမည်
ကရင်ပြည်နယ်အတွင်း (၂)နှစ်အောက်ကလေငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ရောဂါတစ်ခုခုကိုပြင်းထန်စွာ ခံစားနေရသူများနှင့် အရက်အလွန်အကျွံသောက်နေသူများမှလွှဲ၍ မျှော်မှန်းလူဦးရေ ၉၇၅၃၄၀ ကို ဆင်ခြေထောက် ရောဂါကင်းဝေးရေးစီမံချက်ဖြင့် သံချဆေးပေါင်းတိုက်ကျွေးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် ဘားအံမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၁၈ ခုနှစ် အတွက် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း ပြည်နယ်အဆင့်အသိပေးဆွေးနွေးပွဲ အခမ်းအနားမှသိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈၁)ကြိမ်မြောက် ဗဟိုကောင်စီအစည်းအဝေး ကျင်းပပြုလုပ်မည်
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈၁)ကြိမ်မြောက် ဗဟိုကောင်စီအစည်းအဝေးကို ဇန်နဝါရီ (၂၉)ရက်မှ (၃၀)ရက်ထိ နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ် စုဝေးခန်းမ၌ ကျင်းပမည် ဖြစ်သည်။