ကမ္ဘောဒီးယားနိုင်ငံတွင် အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက်သူတစ်ဦး ပထမဆုံးတွေ့ရှိ

ကမ္ဘောဒီးယားနိုင်ငံတွင် အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက်သူတစ်ဦး ပထမဆုံး  စမ်းသပ်တွေ့ရှိခဲ့သည်။ ၎င်းသည် အာဖရိက
အာဖရိကတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉ သန်းနီးပါးရှိလာ
အာဖရိကတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၈၉၄၄၀၉၇ ဦးရှိလာသည်ဟု အာဖရိကရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက အတည်ပြုပြောကြားသည်။
ဂျပန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ လေးဦးထပ်မံတွေ့ရှိ
ဂျပန်နိုင်ငံအတွင်း လေဆိပ်သို့ဆိုက်ရောက်လာသူများတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ လေးဦးထပ်မံ တွေ့ရှိခဲ့ကြောင်း ယမန်နေ့ကအတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းတွင် အိုမီခရွန်ကူးစက်ခံရသူပေါင်း ၁၇ ဦးအထိရှိလာသည်။
ဗြိတိန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူတစ်ဦးထက်မနည်း သေဆုံး
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် လူတစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။
COVAX အစီအစဉ်မှတစ်ဆင့် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကမ္ဘောဒီးယားနိုင်ငံ ထပ်မံလက်ခံရရှိ
ကမ္ဘောဒီးယားနိုင်ငံသည် COVAX အစီအစဉ်မှတစ်ဆင့် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ သုံးသိန်းကို ဒီဇင်ဘာ ၁၃ ရက်တွင် ထပ်မံလက်ခံရရှိခဲ့ကြောင်း ကမ္ဘောဒီးယား ထိပ်တန်းကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အိုမီခရွန်ကူးစက်မှုကို စိုးရိမ်သည့်အတွက် ဗြိတိန်နှင့်ဒိန်းမတ်နိုင်ငံသို့ ခရီးသွားလာခွင့် အစ္စရေးပိတ်ပင်
အစ္စရေးနိုင်ငံသည် အိုမီခရွန် ကူးစက်မှုကိုစိုးရိမ်သည့်အတွက် ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ ဗြိတိန်နှင့် ဒိန်းမတ်နိုင်ငံသို့  ခရီးသွားလာမှု ပိတ်ပင်ခဲ့သည်ဟု သိရသည်။
ဗြိတိန်နိုင်ငံ၌ အိုမီခရွန်ကူးစက်မှုများကြားမှ အပိုဆောင်းကာကွယ်ဆေးထိုးကြရန် ပြင်ဆင်လျက်ရှိ
ဗြိတိန်နိုင်ငံတွင် အရွယ်ရောက်ပြီး သူအားလုံးကို ယခုလကုန်ပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း ထိုးပေးနိုင်လိမ့်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပြောသည်။