အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွား လူ ၂၆ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ခန်နာဘတ်ခရိုင် ကူဒက်ဇ်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားသဖြင့် တာလီဘန်စစ်သွေးကြွ ၁၀ ဦးနှင့် အစိုးရလိုလားသော ပြည်သူ့စစ် အဖွဲ့မှ ၁၆ ဦး အပါအဝင် ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း  ခရိုင်လက်ထောက် အကြီးအကဲ ကူထရာတူလ်ဆာဖီ က ပြောကြားသည်။
ဂျပန်နိုင်ငံက Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသုံးပြုရန် ဖေဖော်ဝါရီ ၁၅ ရက်တွင် အတည်ပြုဖွယ်ရှိ
ဂျပန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက Pfizer-BioNTech မှ ထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အသုံးပြုခြင်းကို ဖေဖော်ဝါရီ ၁၅ ရက်တွင် အတည်ပြုရန် စီစဉ်နေသည်။
တူရကီ နိုင်ငံတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု သိသိသာသာ မြင့်တက်
တူရကီ နိုင်ငံတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု သိသိသာသာ မြင့်တက်လာသည်ဟု တူရကီ ကျန်းမာရေးဝန်ကြီး ဖာရတ်တင် ကိုကာက ယမန်နေ့က ပြောကြားခဲ့သည်။
အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၈၉၉ ဦး ထပ်မံတွေ့ရှိ
အိန္ဒိယ နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၈၉၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယနေ့အထိ ကူးစက်ခံရသူ ဦးရေ ၁၀၇၉၀၁၈၃ ဦးအထိ ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ နောက်ဆုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပါကစ္စတန် အနောက်မြောက်ပိုင်း စစ်ဆင်ရေးတွင် အကြမ်းဖက်သမား လေးဦးနှင့် စစ်သားနှစ်ဦး သေဆုံး
ပါကစ္စတန် အနောက်မြောက်ပိုင်း ဝါဇီရစ္စတန်မြောက်ပိုင်း မျိုးနွယ်စုခရိုင်တွင် ပါကစ္စတန် စစ်တပ်က စစ်သွေးကြွများကို စစ်ဆင်ရေး လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်သမား လေးဦးနှင့် စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန် တပ်ဖွဲ့က ယမန်နေ့ ညပိုင်းက ပြောကြားခဲ့သည်။
ကိုလံဘီယာတွင် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အရေးပေါ် အသုံးပြုရန် ခွင့်ပြု
ကိုလံဘီယာနိုင်ငံ သမ္မတ အိုင်ဗန်ဒူက တရုတ်ဆေးဝါးကုမ္ပဏီ Sinovac Biotech ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုရန် နိုင်ငံ အစားအစာနှင့် ဆေးဝါးစောင့်ကြည့် လေ့လာရေး အဖွဲ့က ခွင့်ပြုပေးခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ပြင်သစ်နိုင်ငံတွင် အသက် ၆၅ နှစ်အထက် ပြည်သူများ အက်စ်ထရာဇနီကာ ကာကွယ်ဆေးရရှိမည် မဟုတ်

3