ဝန၏ ဒုတိယမြောက်တစ်ကိုယ်တော်ခွေ 'တရားသဖြင့်' ထွက်ရှိမည်
''အနီးဆုံးလူ''တေးစီးရီး ထွက်ပြီးကတည်းက နောက်ထပ် ဂီတတွေဖန်တီးမှု နည်းနေခဲ့သည့် လူငယ်အဆိုတော် ဝနက ''တရားသဖြင့်'' ဟု အမည် ပေးထားသည့် ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ရှိရန် ပြင်ဆင်နေပြီး လတ်တလော ဂီတလှုပ်ရှားမှု အနေဖြင့် 'သီချင်းသုံးပုဒ်'ဟု အမည်ပေးထားသော မီနီအယ်လ်ဘမ်ကို ထွက်ရှိထားကြောင်း သိရသည်။