ကျောက်မဲမြို့၌ ရှမ်းရိုးရာရှင်လောင်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၂)ရပ်ကွက် နမ့်စစ်လင်းကျောင်းတိုက်၌ ရှမ်းရိုးရာ ယဉ်ကျေးမှုနှင့်အညီ ရှင်သာမဏေ ၁၀၈ ပါး အလှူတော်မင်္ဂလာပွဲကို ဧပြီ ၂၉ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။








