GAP အသိအမှတ်ပြု လက်မှတ်ရရှိရေး လျှောက်ထားသော သရက်ခြံများအား ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းရွှေ ဦးဆောင်၍ အဖွဲ့ဝင်ရှစ်ဦးပါဝင်သော စစ်ဆေးရေးအဖွဲ့သည် ခရိုင်အတွင်း GAP အသိအမှတ်ပြုလက်မှတ် ရရှိရေး လျှောက်ထားသော သရက်ခြံများသို့ ယနေ့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။




