ကွန်ပျူတာသုံး မြန်မာစာစနစ် (ပြည်ထောင်စုဖောင့်နှင့် ကီးဘုတ်) စတင်အသုံးပြုနိုင်ရေး နည်းပညာရှင်းလင်း
ကွန်ပျူတာသုံး မြန်မာစာစနစ် (ပြည်ထောင်စုဖောင့်နှင့် ကီးဘုတ်) စတင်အသုံးပြုနိုင်ရေး နည်းပညာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ e-Government ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးသာဦး တက်ရောက်သည်။





