သံတွဲ၌ ဆိုင်ကယ်စီးသူတိုင်းဦးထုပ်ဆောင်းရေး အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်

သံတွဲမြို့အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဦးဆောင်၍ ဆိုင်ကယ်စီးသူတိုင်းဦးထုတ်ဆောင်းရေး အသိပညာ ပေး လှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီက သံတွဲမြို့ဆေးရုံဝန်းစုရပ်မှ ဆိုင်ကယ်အစီး ၇၀ အား ယာဉ်စည်းကမ်း စာတန်းပါ အင်္ကျီ ၁၅၀ နှင့် ဆိုင်ကယ်စီး ဦးထုပ် ၇၀ တို့ကို   ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးသင်၊ မြို့နယ်မော်တော်ယာဉ် ကြီးကြပ် ထိန်းသိမ်းရေးအဖွဲ့ဥက္ကဌ ဦးထွန်းသန့်ကျော် ခရိုင်ဆရာဝန်ကြီး ဒေါက်တာကျော်နိုင်စိုး၊ သံတွဲမြို့အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ရဲအုပ်သန်းစိုးအောင်တို့က အခမဲ့ဝတ်ဆင်ပေးကြပြီး သံတွဲမြို့ဆေးရုံဝန်းမှ ငပလီမြို့ ဂျိတ္တောရပ်ကွက်အထိ အသွားအပြန် ပညာပေးသရုပ်ပြ လှုပ်ရှားမှုအဖြစ်ဆောင်ရွက်ခဲ့သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ခြင်း (၂/၂၀၁၉) အခမ်းအနားကျင်းပ
သတင်းထုတ်ပြန်ခြင်း(၂/၂၀၁၉)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။
နေပြည်တော်၌ ဓမ္မပူဇာသဘင်ကို ငါးရက်တိုင်တိုင် ကျင်းပမည်
နေပြည်တော် မြတ်ပါရမီလူမှုကူညီရေးအသင်းမှ ဦးဆောင်၍ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဝန်ထမ်းမိသားစုများ၊ ဈေးသူဈေးသားများ၏ အဋ္ဌမအကြိမ် မြောက် ဓမ္မပူဇာသဘင်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ သမ္ဗမင်္ဂလာသိဒ္ဓိ ဆုတောင်းပြည့်စေတီရင်ပြင်၌ ငါးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ချင်းအမျိုးသားနေ့  ဟားခါးမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
ချင်းတိုင်းရင်းသားတို့၏ (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဟားခါးမြို့ ဝမ္မသူးမောင်အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
သစ္စာစီမံချက်ဖြင့် ဂန့်ဂေါမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီတွင် ဂန့်ဂေါမြို့နယ် ကန်ရွာ အထက ကျောင်းခန်းမ၌ ပြုလုပ်သည်။ 
အင်္ဂပူမြို့နယ်တွင် နန်ကသူဆည်ရေဖြင့် နွေစပါးများကို ယခင်နှစ်များထက် အောင်မြင်စွာ စိုက်ပျိုးလျှက်ရှိ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်တွင် နန်ကသူရေလှောင်တမံမှ နန်ကသူ ဆည်ရေဖြင့်နွေစပါး(၅၂၀ဝ)ဧကကို စိုက်ပျိုးရန်လျာထားပြီး ကွင်းကောက် ဒေသ အတွင်းရှိကျေးရွာအုပ်စု(၁၄)အုပ်စုကို စိုက်ပျိုးရေများပေးဝေ လျှက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ဒီးဒုတ်တောင်ကျေးရွာ၌   ဆိုလာစနစ်ဖြင့် (၂၄)နာရီ မီးလင်းနိုင်ခဲ့ပြီ
မိတ္ထီလာမြို့နယ် ဆပ်ပြာကျင်းကျေးရွာအုပ်စု ဒီးဒုတ်တောင်ကျေးရွာ၌ ဆိုလာစနစ်သုံး အသေးစား လျှပ်စစ် ဓာတ်အားလိုင်းစနစ်ဖြင့် (၂၄)နာရီ မီးလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။