သရက်ခရိုင်အတွင်း ကျေးရွာ(၆၂)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်း မြို့နယ်(၅)မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ဖြင့် ကျေးရွာ(၆၂)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း (၆၂)ခုကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း သရက်ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။




